Chapter-14

1.3K 99 5
                                    

                      Chapter-14
           ငရဲမင်းရဲ့ နူးညံ့မှုကို ​ဖော်​ပြခြင်း

အခု​လော​လောဆယ်​​တော့ ပါးဟူး အရမ်း​ကြောက်​ရွံ့​နေတယ်​။

လောင်​ကျွင်းယွီက ပါးဟူး ​ကြောက်​​နေတာကို သိ​နေတဲ့ပုံ​ပေါ်တယ်​။သူ့ရဲ့ပါးလွှာတဲ့ အနီ​ရောင်​နှုတ်​ခမ်းက ​ကော့တက်​သွားပြီး ​လှောင်​သလိုပြုံးလိုက်​တယ်​။

လောင်​ကျွင်းယွီရဲ့အပြုံးက စက်​ဆုပ်​ရွံရှာမှု​တွေနဲ့ ပြည့်​​နေ​ပေမယ့်​လည်း ထိတ်​လန့်​စရာ​ကောင်း​လောက်​​အောင်​ ဆွဲ​ဆောင်​ဖမ်းစားနိုင်​တာက ရွက်​တိုင်​မှာရှိ​နေတဲ့ အနီ​ရောင်​ကြာပန်းလိုမျိုးပဲ။

"မင်း....ဘယ်​လိုမျိုး ​သေချင်​လဲ?"

လောင်​ကျွင်းယွီရဲ့အသံက တိုးပြီး​အေးစက်​​နေတယ်​။သူ့ရဲ့အသံ ခုနှစ်​ဆယ်​ရာခိုင်​နှုန်းက အက်​ရှရှဖြစ်​​နေပြီး သုံးဆယ်​ရာခိုင်​နှုန်းက ပျင်းတွဲတွဲဖြစ်​​နေတယ်​။သူ့ရဲ့အသံက ဘာနဲ့တူ​နေသလဲဆိုရင်​ သူ ငရဲက​နေ ထလာ​နေတဲ့ ပုံစံမျိုးပဲ။ဘယ်​သာမန်​လူကမှ မ​ကြောက်​ဘဲ မ​နေနိုင်​ဘူး။

ဒါ​ပေမယ့်​ ပါးဟူး ​ကြောက်​ရွံ့မှုမရှိတဲ့ မျက်​နှာမျိုးကို အတင်းလုပ်​ယူထားရ​ပေမယ့်​လည်း သူ့​ဘောင်းဘီထဲ ​သေး​ပေါက်​ချလုနီးပါးပဲ။သူ့ရဲ့လက်​တုန်​​နေတာကို မထိန်းနိုင်​တာ​ကြောင့်​ လဲ့​ယောင်း​ယောင်းရဲ့ လည်​ပင်းကို ဓားက သူရွယ်​ထားတာနဲ့ ဆန့်​ကျင်​ပြီး သူမအသားကို ဖြတ်​ကာ အ​တော်​နက်​နက်​​လေး လှီးမိသွားတယ်​။အဲ့​နေရာက​နေ ​သွေး​တွေကျ​လာပါ​ရောလား.....

လဲ့​ယောင်း​ယောင်း အသက်​ကိုခက်​ခက်​ခဲခဲရှူ​နေရပြီး နာကျင်မှု​ကြောင့်​ အသံထွက်​သွားတယ်​။

"အား.....ဒါက နာတယ်​"

သူမလည်​ပင်းက နာကျင်​​နေတဲ့ ဒဏ်​ရာ​ကြောင့်​ သူမရဲ့မျက်​နှာက လုံး​ချေခံလိုက်​ရတဲ့ စက္ကူအပိုင်းအစလိုပဲ ရှုံ့မဲ့တွန့်​လိမ်​​နေတယ်​။ဘယ်​လိုပဲဖြစ်​​နေပါ​စေ သူမရဲ့ အသံက ပါးဟူးကို သူ့ဆီမှာအပွင့်​ကြီးတဲ့ ဖဲချပ်​ရှိ​နေ​သေးတယ်​ ဆိုတာ သတိ​ပေးလိုက်​သလိုပဲ။

ကိုယ်​ဝန်​နဲ့မိန်းမစိုး​လေး(Myanmar Translation)Where stories live. Discover now