Chapter-20

3.9K 303 75
                                    

                           Chapter-20
         မ​ကောင်းဆိုးဝါး အသွင်​ ကူး​ပြောင်းခြင်း

အဲဒီ​နောက်​ မိုက်​မဲသူတစ်​​ယောက်ဟာ အပြစ်​​ပေးခံရ​တော့မယ်​ ဆိုတာ သိလိုက်​တယ်​။သူမ အချိန်​အ​တော်​ကြာတဲ့အထိ ​ကြောက်​လန့်​​နေခဲ့တယ်​။

သူမ လွတ်​​မြောက်​ချင်​တယ်​။ဒါ​ပေမယ့်​ သူမရဲ့​ခြေ​ထောက်​မှာ အမြစ်​​တွေ​ပေါက်​များ​နေသလားပဲ.....​မြေကြီးမှာ လုံးဝကို အမြစ်​တွယ်​​နေသလို ဖြစ်​​နေတယ်​။သူမ​ ​ခြေ​ထောက်​​တွေကို ဘယ်​လိုမှလှုပ်​လို့မရဘူး။အဲ့ဒါ​ကြောင့်​ သူမ စကား​တွေထစ်​လာတယ်​။

"အမ်​.....အာ....မင်းသားယွီ....ကျ​နော်​ ဒီလိုလုပ်​ဖို့ မရည်​ရွယ်​......"

"ဪ?..မရည်​ရွယ်​ဘူး..? မင်း ကိစ္စ​လေး​တွေ အ​တော်​​လေးလုပ်​ပြီး​တော့မှ....'မရည်​ရွယ်​ပါဘူး..'....?"

လောင်​ကျွင်းယွီရဲ့ ​အေးစက်​စက်​အပြုံးက မျက်​နှာမှာ ကျန်​​နေတုန်းပဲ....။သူ့ရဲ့အသံက တိုးတိုး​လေးနဲ့ ဆွဲ​ဆောင်​မှုရှိ​နေတယ်​။ဒါ​ပေမယ့်​ အဲ့အသံထဲမှာ ​နွေး​ထွေးမှုဆိုတာ လုံးစမပါဘူး။

"အာ......"

လဲ့​ယောင်း​ယောင်း မျက်​နှာက ရှူံ့တွသွားတယ်​။လောင်​ကျွင်းယွီက မနက်​တုန်းက သူမ သူ့ကို ကိုက်​ခဲ့တာကို ရည်​ရွယ်​​နေတယ်​ဆိုတာ သူမ သိလိုက်​တယ်​။

ဒါ​ပေမယ့်​ သူမ တကယ့်​ကို ရည်​ရွယ်​ချက်​ရှိရှိ လုပ်​ခဲ့တာ မဟုတ်​ပါဘူး....

သူမ သူ့ကိုမနက်​က ကိုက်​ခဲ့တယ်​ ဆိုတာက ဘာလို့ဆို သူမကို သူက ရုတ်​တရက်​ကြီး လာနမ်းတာကိုး.....

အခု သူမ သူ့ကို ရိုက်​ခဲ့တယ်​။ဒါ​ပေမယ့်​ ဒါကလည်း ရည်​ရွယ်​ချက်​နဲ့ လုပ်​တာ မဟုတ်​ဘူး​လေ.....။

သူ့ရဲ့အသံအ​ခြေအ​နေအရ သူ သူမကို သွားခွင့်​ပြုမယ့်​ပုံမ​ပေါ်ဘူး။ခုအဲ့အဓိပ္ပါယ်​က သူမ သူမ​ခေါင်းကို ဆုံးရှူံးရ​တော့မယ်​လို့ ဆိုလိုတာလား.....?

လဲ့​ယောင်း​ယောင်း အ​စောပိုင်းက ဘာ​တွေဖြစ်​ခဲ့လဲဆိုတာကို ပြန်​​တွေးလိုက်​တယ်​။သူ ဘယ်​လိုမျိုး သူ့လက်​တစ်​ဖက်​တည်းကိုသုံးပြီး မတူညီတဲ့နည်းလမ်း​တွေနဲ့ လုပ်​ကြံသူ​တွေကို အစုလိုက်​အပြုံလိုက်​ သတ်​ခဲ့တယ်​ဆိုတာကို သူမအလျင်​အမြန်​ပဲ မှတ်​မိသွားတယ်​။

ကိုယ်​ဝန်​နဲ့မိန်းမစိုး​လေး(Myanmar Translation)Where stories live. Discover now