(Unicode)
ဖူးစာဆိုတာ သိပ်ဆန်းကြယ်တယ်
ဆိုင်သူရှိနှင့်နေသော်ငြားလည်း ပိုင်ရှင်မဟုတ်ရင် အလိုလိုသွေဖယ်ပေးရမှာပဲ
ဖူးစာဖက်မဟုတ်ရင် ဘယ်လိုတွယ်ကပ်နေပါစေ အချိန်တန်ရင် လွင့်ပျောက်သွားရမယ်
ဖူးစာမပါရင် မည်သို့သောအရာကိုမှ ဖူးစာဖက်ကလွဲပြီး ပိုင်ဆိုင်ခွင့်ရှိမှာမဟုတ်ဘူး
ဆိုင်သူဖြစ်လင့်ကစား မပိုင်ထိုက်ဘူးဆိုရင် ပိုင်ရှင်အမှန်ရဲ့လက်ထဲမှာ ကြွေပျက်သွားရမှာ အမှန်တရားပဲ
"ဘုန်း.." "အင့်.~"
လမ်းထောင့်ကလေးတစ်နေရာ၌ ဟိုဘက်ဒီဘက်ကနေ ပြိုင်ကာ ထွက်ပေါ်လာသော လူနှစ်ယောက် ဝင်တိုက်မိရာမှ အနည်းငယ်လူကောင်သေးသော ကောင်လေးတစ်ယောက်က နောက်သို့လဲကျသွားသည်
တစ်ဖက်ကကောင်လေးလက်ထဲက ပန်းစည်းအဖြူလေးက လဲကျသွားသောကောင်လေး၏ ကိုယ်ခန္ဓာအောက် ကြေမွသွား၏
လဲကျသွားသောကောင်လေး၏ အဝါရောင်ပန်းစည်းလေးသည်လည်း တစ်ဖက်ကကောင်လေး၏ ယိုင်နဲ့သွားသော ခြေထောက်တွေအောက် ရစရာပင်မရှိ
ထိုပန်းစည်းလေးတွေကား သူတို့၏ သက်ဆိုင်သူမိန်းကလေးတွေထံပေးမည့်ပန်းစည်းလေးတွေသာ..
လွန်ခဲ့တဲ့မိနစ်ပိုင်းက လှပခဲ့သောပန်းစည်းလေးတွေသည် ရည်ရွယ်သူထံမရောက်ခင် လမ်း၌ တစ်ဦးတစ်ယောက်ကြောင့် ပျက်စီးခြင်းကို ခံယူရ၏
အမှန်တော့ မထိုက်တဲ့သူဆီ ရောက်အောင် ကံတရားက ခွင့်မပြုခဲ့ခြင်းပါ
လဲကျသွားသောကောင်လေးလက်ထဲမှ ပန်းစည်းလေးသည် သူ့ပိုင်ရှင်အစစ်မဟုတ်သောသူလက်ထဲ မရောက်အောင် ပိုင်ရှင်အစစ်ကဖျက်ဆီးပစ်၏
တစ်ဖက်ကကောင်လေး၏ ပန်းဖြူဖြူတွေသည်လည်း မပိုင်ထိုက်သူထံမရောက်သွားရန် ပိုင်ရှင်အမှန်က ပျက်စီးစေသည်
ကံတရားက သူတို့နှစ်ဦးအား ထိုအချိန်ကတည်းကတွေ့ဆုံစေခဲ့သည်...
" ရရဲ့လား..ထနိုင်ရဲ့လား..မသိ.."
လူကောင်ခပ်ကြီးကြီးကောင်လေးက ပထမဆုံးစိုးရိမ်စကားဆိုမိသည် ။
![](https://img.wattpad.com/cover/163918775-288-k294638.jpg)
YOU ARE READING
💔 VILLAIN 💔
Fanfictionဒီရင်ထဲက ထပ်တူကျနေတဲ့ နှလုံးသားတစ်စုံအတွက် ရဲရင့်ကြရအောင် တစ်ပါးသူရဲ့ နှလုံးသားကို နင်းချေကြမယ် အသိုင်းအဝိုင်းရဲ့ စွန့်ပယ်ခြင်းကို ခံယူကြမယ် ဓားသွားတွေထက် အပြုံးတွေနဲ့ နင်းဖြတ်ကြမယ် ဗီလိန် ကိုယ်တို့က သစ္စာတရားရဲ့ ဗီလိန်တွေ ဒါပေမဲ့ ကိုယ်တို့ချစ်ခြင်...