(Unicode)
" wow ဒီနေ့ CEO အသစ် ကုမ္ပဏီစလာတာလား ကြိုလည်းမသိရဘူး.."
ဓာတ်လှေကားစောင့်နေရင်း ကျန်တဲ့ဝန်ထမ်းတွေ၏ ပြောစကားကြောင့် ကုမ္ပဏီ main ဝင်ပေါက်ဘက်လှည့်ကြည့်မိသည်
တွေ့လိုက်ပါသည် ကျွန်တော့်ရဲ့ခန့်ညားလှသော ချစ်ရသူအား တွေ့လိုက်ရသည်
လွမ်းလိုက်တာ ခင်ဗျားရယ်
ကိုယ့်အား မြင်သော်လည်း တစ်ချက်ကြည့်ကာ မျက်နှာလွှဲရင်း VIP ဓာတ်လှေကားဘက်ထွက်သွားသောသူ့ကြောင့် ဝမ်းနည်းစိတ်ကထိုးတက်လာသည်
အော် မေ့ဖို့ပြောတော့လည်းကိုယ်ပဲ မေ့မရတာလည်းကိုယ်ပါပဲ
မတွေ့ကြဖို့ပြောတာလည်းကိုယ်ပဲ မြင်ချင်နေမိတာလည်းကိုယ်ပါပဲလား
ဝေ့ဝဲတက်လာတဲ့မျက်ရည်တွေကို အပြင်သို့လျှံမကျလာစေရန်ထိန်းချုပ်နေသည့်ကြားက ပါးပြင်ကစိုစွတ်သွားခဲ့သည်
လွမ်းလိုက်တာ အချစ်ရယ်
မျက်ဝန်းသေးသေးတွေကအကြည့်ဖျော့ဖျော့တွေကို ကိုယ်ကြည့်ရက်နိုင်လောက်တဲ့ထိ သတိ္တ မရှိလို့ မျက်နှာလွှဲခဲ့ရတယ်
ရင်ထဲမှာမွန်းကျပ်နေအောင် လွမ်းနေမိတာမို့ ကကိုယ်လေ မင်းကိုမြင်တွေ့ခွင့်လေးရဖို့ ဝါသနာကိုစွန့်ပြီး မင်းရှိရာအရပ်ဆီ ကိုယ်လာခဲ့တာပါ
ခဏလောက်လေးမင်းမျက်နှာမြင်ခွင့်ရရင် အလွမ်းတွေအတွက်ဖြေဆည်နိုင်မယ်ထင်ခဲ့ပေမဲ့
ကိုယ်ပိုလွမ်းနေတယ် အချစ်ရယ်
မျက်ဝန်းတွေကိုအသာအယာမှိတ်ချလိုက်တော့ မျက်ရည်တွေက ပါးပြင်ပေါ်ဖြတ်သန်းစီးဆင်းသွားသည်
" BaekHyun ရေ ဒီfile လေးတွေ CEO ရုံးခန်းသွားပို့ပေးပါ CEO လက်မှတ်ထိုးမှရမှာမို့ CEO Kris ထွက်သွားပြီးကတည်းက ဒီfileလေးတွေဖြတ်ဖို့ကျန်နေတာ ခုသွားလိုက်နော်..အစ်မကို အဖွဲ့မှူးခေါ်ထားလို့.."
"ဟို..noona..Yoona..noona..."
ပြောပြောဆိုဆိုဖြင့် ထွက်သွားသော Yoona အား Baekခေါ်သော်ငြားလည်း မရပါ
YOU ARE READING
💔 VILLAIN 💔
Fanfictionဒီရင်ထဲက ထပ်တူကျနေတဲ့ နှလုံးသားတစ်စုံအတွက် ရဲရင့်ကြရအောင် တစ်ပါးသူရဲ့ နှလုံးသားကို နင်းချေကြမယ် အသိုင်းအဝိုင်းရဲ့ စွန့်ပယ်ခြင်းကို ခံယူကြမယ် ဓားသွားတွေထက် အပြုံးတွေနဲ့ နင်းဖြတ်ကြမယ် ဗီလိန် ကိုယ်တို့က သစ္စာတရားရဲ့ ဗီလိန်တွေ ဒါပေမဲ့ ကိုယ်တို့ချစ်ခြင်...