Part~15💔Z+U

2.9K 255 26
                                    

(Unicode)

အိမ်ရှေ့တံခါးဆီမှ password ရိုက်သံကြောင့် ChanYeol တစ်ယောက် ပြန်နွှေးထားသော ဟင်းရည်အိုးကို မီးပိတ်၍ ရှေ့သို့ထွက်လာခဲ့သည်

သူ့အားစိတ်ပူလာဟန်ရှိသော အချစ်ကလေးသည် တံခါးပွင့်သည်နှင့် တရောသောပါးပြေးဝင်လာရာ သူ့ရင်ခွင်အား ဝင်တိုးမိသည်

" အချစ်..."

" ကိုယ်သိတယ် ကိုယ့်ဆီကို အချစ်ချက်ချင်းရောက်လာမယ်ဆိုတာ "

ရင်ခွင်ထဲရောက်လာတဲ့ ကိုယ်လုံးလေးကို ထွေးဖက်ကာပြောတော့ ရုန်းထွက်ရင်း လက်ကဒဏ်ရာအား စိုးရိမ်စွာကြည့်လာ၏

အပေါ်ယံအရေပြားအား ခပ်ပါးပါး တိုက်ဖြတ်ထားခြင်းက သူမအပေါ် အနိုင်ရမယ်ဆိုတာ သိနေသားပဲ

" ဘာလို့ ဘာလို့အဲ့လို လုပ်ရတာလဲ အချစ် "

" ဒီလိုမှ မလုပ်ရင် သူမကိုအချစ်အားနာနေတာနဲ့ ကိုယ်တို့ညစာလေးကပျက်သွားမှာပေါ့ "

" အချစ်ရာ ကျွန်တော် ဘယ်လောက်ထိရင်တွေပူခဲ့ရလဲ သိရဲ့လား နောက်မလုပ်ပါနဲ့ "

" အင်း အချစ်လည်း နောက်ဆို ကိုယ်နဲ့ချိန်းထားတာကို သူမကြောင့် မပျက်ပါနဲ့ "

" တောင်းပန်ပါတယ် အချစ်ရယ် သူမက ရုတ်တရတ် ရောက်လာတော့ "

" ငြင်းလို့ရတာပဲ.."

" ခဏခဏ ရှောင်နေတော့ အထင်လွဲသွားမှာစိုးလို့ပါ "

" သူမ သိနေတယ် ကိုယ်တို့အကြောင်းကို သူမ သိနေခဲ့တယ် အချစ်..."

" ဘယ်လို...သူမက..သူမက..."

" သူမ သိနေခဲ့တယ်...ကိုယ့်ကို လက်လျော့ဖို့ပြောတယ် သူမကတော့ လက်မလျော့ဘူးတဲ့ အချစ်က သူမကိုပဲလက်ထပ်ရမှာတဲ့.."

ပြောရင်းပင် အချစ်က ကိုယ့်အားရင်ခွင်ထဲက ထုတ်ကာ ဆိုဖာပေါ်မှာထိုင်ရင်း ခေါင်းငုံထား၏

စိတ်မကောင်းဖြစ်သွားမှာ အသေအချာပင်...

" ကျွန်တော်တို့ သူမ တို့ကို လက်လွှတ်ကြမယ် "

သူ့ရှေ့ ဒူးထောက်ထိုင်ချရင်း သူ့လက်လေးနှစ်ဖက်အားဆုပ်ကိုင်ကာပြောလာသော Baek အား ChanYeol အံ့သြစွာမော့ကြည့်မိသည်

💔 VILLAIN 💔Where stories live. Discover now