(Unicode )
သူမနဲ့နှစ်ယောက်တူတူထားထားတဲ့ ကျွန်တော့်တိုက်ခန်းpassword လေးဟာ သူနဲ့ကျွန်တော်သာ သိတဲ့ password လေးအဖြစ်ဆီသို့ ကျွန်တော်ပြောင်းလဲခဲ့သည်
ကိုယ့်ရင်ခွင်ထဲ သူမကိုထွေးဖက်လို့ နွေးထွေးမှုတွေပေးခဲ့စဉ်က ကျေနပ်မှုတွေဟာ သူ့ရင်ခွင်ထဲမှေးစက်လို့ သူ့ကြင်နာမှုတွေခံယူရချိန်လောက် ရင်ခုန်ဖို့မကောင်းဘူးဆိုတာသိခဲ့ရတယ်
သူ့နှုတ်ခမ်းထူထူတွေရဲ့ အနမ်းတွေကြောင့် ကိုယ်ဟာ နှုတ်ခမ်းနီနံ့သင်းသော သူမနှုတ်ခမ်းပါးတွေကို မထိတွေ့ချင်တော့ဘူး
သူ ဟာ ကျွန်တော့် ချစ်သူ သူမထက် ကျွန်တော့်နှလုံးသားကို ပိုင်စိုးထားသည်
°°°°°°°°'''''''°°°°°°°°''''''''°°°°°°
သူ့လက်ချောင်းသေးသေးသွယ်သွယ်လေးတွေကြားထဲ ကိုယ့်လက်တွေကို ထိုးထည့်ဆုပ်ကိုင်ရင်း သူ့ကျောပြင်ငယ်အား ကိုယ့်ရင်ခွင်ကျယ်ဖြင့်ထိကပ်နွေးထွေးစေတော့ သူ့ရင်ခုန်သံတွေကို ကိုယ့်နှလုံးသားက ခံစားမိခဲ့သည်
ထပ်တူကျထားတဲ့ လက်အစုံနဲ့ ခါးသွယ်သွယ်ကို တိုးဖက်လို့ ပျော့အိအိပါးဖောင်းဖောင်းအား နှာခေါင်းနစ်မြှုပ်အောင် လှမ်းနမ်းလိုက်သည်
ထိုနေ့ညရဲ့ အိပ်မက်လှလှတွေဟာ သူနဲ့ကိုယ်ရဲ့နွေးထွေးမှုတွေကြောင့် ပိုင်ဆိုင်ခဲ့ရတယ်
သူနဲ့ကိုယ်ဟာ အချိန်တိုအတွင်းမှာပဲ
စကားလုံးသက်ရောက်မှုတွေ များပြားစွာမလိုအပ်ပဲ နှလုံးသားတွေ ထပ်တူကျခဲ့တယ်နာရီမိနစ်ပိုင်းအတွင်း ကြင်နာခြင်းတွေ မျှဝေနိုင်ခဲ့တယ်
အထိအတွေ့သေးသေးလေးတွေမှာပဲ သူ့အပေါ်စွဲလမ်းလွန်းခဲ့တယ်
နှစ်နှစ်ကျော်နီးကပ်စွာရှိလာတဲ့ သူမတို့အပေါ်စောင့်ထိန်းထားနိုင်တဲ့ စည်းတွေသည်လည်း
သူ့အပေါ်တွင်တော့ အထိအတွေ့သေးသေးလေး၏နောက်က ရင်ခုန်မှုတွေကြောင့် ထိန်းချုပ်နိုင်စွမ်းမဲ့ခဲ့တယ်
သူနဲ့ကိုယ်ဟာ မျက်ဝန်းကအကြည့်တွေနဲ့တင် တစ်ယောက်ကိုတစ်ယောက်နားလည်နိုင်သည်ထိ အချိန်တိုအတွင်းထပ်တူကျခဲ့သူ

YOU ARE READING
💔 VILLAIN 💔
Fanfictionဒီရင်ထဲက ထပ်တူကျနေတဲ့ နှလုံးသားတစ်စုံအတွက် ရဲရင့်ကြရအောင် တစ်ပါးသူရဲ့ နှလုံးသားကို နင်းချေကြမယ် အသိုင်းအဝိုင်းရဲ့ စွန့်ပယ်ခြင်းကို ခံယူကြမယ် ဓားသွားတွေထက် အပြုံးတွေနဲ့ နင်းဖြတ်ကြမယ် ဗီလိန် ကိုယ်တို့က သစ္စာတရားရဲ့ ဗီလိန်တွေ ဒါပေမဲ့ ကိုယ်တို့ချစ်ခြင်...