Part~21💔Z+U

2.8K 239 13
                                    

(Unicode)

" အချစ်...အချစ်...ဟင့်..ဘယ်မှာလဲ..အချစ်..."

ချစ်ရသော မိသားစုအား ဆုံးရှုံးထားရသည့် အချိန်မှာ ကိုယ့်စိတ်တွေက အထိမခံနိုင်လောက်အောင် အားငယ်နေသည်

နိုးထလာလာချင်း ကိုယ့်ရဲ့ တစ်ခုတည်းသော  တွယ်တာရာ ဖြစ်တဲ့ အချစ်အား မတွေ့လိုက်ရတော့ ရင်ထဲ ငိုချင်စိတ်တွေက အတိုင်းအဆမသိဖြစ်ပေါ်လာသည်

" ဟင့်....အချစ်...မထားခဲ့ပါနဲ့....အချစ်..."

ကလေးတစ်ယောက်လိုပင် အော်ငိုနေသော ချစ်ရသူအသံကြောင့် မနက်စာပြင်နေသော ChanYeol တစ်ယောက် လုပ်လက်စတွေရပ်ကာ ချစ်ရသူဆီပြေးလာရသည်

" ဘာဖြစ်လို့လဲ အချစ် ဘာလို့ငိုနေတာလဲ ဟင် ကိုယ့်ကိုပြော ဘာဖြစ်လို့လဲ "

ကုတင်ပေါ် ထိုင်ကာ မျက်လုံးတွေကို လက်ဖြင့်ပွတ်ကာ ငိုနေသောကြောင့် သူ့ဘေးဝင်ထိုင်ကာ လက်လေးတွေကို အသာဖမ်းဆွဲလို့ ချော့မြူရသည်

" အချစ်..ကျွန်တော့်နားမှာပဲနေပါ ကြောက်တယ် အချစ်ကို ဆုံးရှုံးလိုက်ရမှာကို ကြောက်တယ် ကျွန်တော့် အနားမှာ အချစ်မရှိတော့မှာ ကို အရမ်းကြောက်တယ် ဟင့်..."

" အချစ်ရယ်...ကိုယ်..ဘယ်မှမသွားဘူး..ကိုယ်က အချစ်အနားအမြဲရှိနေမှာ..မငိုနဲ့နော်... လျှောက်မတွေးနဲ့.."

" ကြောက်တယ်...ဟင့်.."

ရင်ခွင်ထဲသို့တိုးဝင်လာသော ချစ်ရသူကို တင်းကျပ်စွာဖက်ထားပေးလိုက်တော့ ငြိမ်သက်သွားသည်

" အချစ်...''

" အင်း..."

" ချစ်တယ်...အဲ့ဒါလေးပဲ တွေးထားပေး ကိုယ်တို့အရာအားလုံးကိုရင်ဆိုင်နိုင်မှာပါ "

'' ဒါပေမဲ့.."

နှုတ်ခမ်းပါးလေးထက် လက်ညှိုးလေးတင်ကာ ထွက်လာမဲ့စကားတွေကိုရပ်တန့်စေလိုက်ရင်း ပါးပြင်ကိုအုပ်ကိုင်ကာ နှုတ်ခမ်းပါးလေးတွေကို ခပ်ဖွဖွ နမ်းလိုက်သည်

" အဆင်ပြေသွားမှာ...အဆင်ပြေသွားမှာမို့..ဘာမှမတွေးနဲ့တော့.."

" omm..."

" ထတော့..ရေသွားချိုး..ညစ်ပတ်လေး..ငိုထားတာ မျက်နှာတစ်ခုလုံးကြောင်ချီးရုပ်လေးဖြစ်နေပြီ.."

💔 VILLAIN 💔Onde histórias criam vida. Descubra agora