(Unicode)
" အင်း...ဟင်း..."
ညည်းသံသဲ့သဲ့နဲ့အတူ အနည်းငယ် လူးလွန့်ရင်း Ywel Hwa သတိပြန်လည်လာသည်
သတိရရချင်း ဘေးပါတ်ဝန်းကျင်ကို အကဲခတ်ကြည့်တော့ သူမ ဆေးရုံရောက်နေမှန်း သိလိုက်သည်
လက်လှုပ်ဖို့ကြိုးစားမိတော့ တစ်စုံတစ်ခု၏ ဖိထားသည်ဟု ခံစားမိ၍ ကြည့်မိတော့
သူမ လက်ပေါ် ခေါင်းလေးတင်၍ သူမဘက်မျက်နှာ မူကာ အိပ်ပျော်နေသော ယောကျ်ား တစ်ယောက်
သူမ မေ့မလဲခင် နောက်ဆုံးသိလိုက်ရတဲ့ နွေးထွေးတဲ့ ရင်ခွင်တစ်ခုက ထိုယောကျာ်း၏ ရင်ခွင်ကျယ်လား
ကိုကိုမှ လွဲ၍ မည်သည့်ယောကျာ်းလေးကိုမှ ဂရုတစိုက်ကြည့်လေ့မရှိသော Ywel Hwa သည် ထိုလူသားကိုတော့ သေချာကြည့်နေမိသည်
မှေးမှိတ်ထားတဲ့ မျက်ခွံလေးတွေရဲ့ အဆုံးသတ်မှာရှိတဲ့ မျက်တောင်လေးတွေက ကော့ညွှတ်လို့ မိန်းကလေးတစ်ယောက်လို လှသည်
နှုတ်ခမ်းပါးလေးတွေကလည်း ပန်းရောင်သန်း၍ ယောကျ်ားလေးတစ်ယောက်ဟုပင် မထင်မှတ်နိုင်လောက်အောင်လှသည်
ထိုလူသား၏ မျက်နှာအား အသေးစိတ်ကြည့်မိနေတုန်းမှာပင် တစ်စုံတစ်ယောက်ကို သတိရသလိုဖြစ်လာသည်
" ဘာလို့ ရင်းနှီးသလို ခံစားနေရတာလဲ သူနဲ့ငါ မြင်ဖူးသလိုပဲ.."
အထက်တန်းတုန်းကသူငယ်ချင်းလို့ပြောရအောင်လည်း သူမက မိန်းကလေးကျောင်းက အောင်ခဲ့သူ uni တက်တုန်းကလည်း ကိုကိုကလွဲပြီး ယောကျာ်းလေးမိတ်ဆွေ မထားခဲ့ဖူးဘူး
ဒီမျက်နှာကို ဘာလို့ရင်းနှီးနေသလဲ
YwelHwa စဉ်းစားမရပါ..
ရုတ်တရတ် သူမလက်ကို လှုပ်လိုက်မိသောကြောင့် ထိုသူ နိုးလာသည်
"XiuXiu သတိရလာပြီလား ဘယ်လိုနေလဲ ကိုယ်ဆရာဝန်သွားခေါ်ပေးမယ် ခဏစောင့်နော် "
အခန်းထဲမှ ထွက်သွားသော သူ့အား YwelHwa စကားပြန်မပြောနိုင်လိုက်ပဲ ငေးကြည့်မိသည်
XiuXiu? XiuXiu လို့သူခေါ်သွားတာလား
Appa Omma နဲ့ ကိုကိုသာသိသော သူမ၏ အိမ်ခေါ်နာမည်ကို သူက ဘယ်လိုလုပ်သိတာလဲ
![](https://img.wattpad.com/cover/163918775-288-k294638.jpg)
BẠN ĐANG ĐỌC
💔 VILLAIN 💔
Fanfictionဒီရင်ထဲက ထပ်တူကျနေတဲ့ နှလုံးသားတစ်စုံအတွက် ရဲရင့်ကြရအောင် တစ်ပါးသူရဲ့ နှလုံးသားကို နင်းချေကြမယ် အသိုင်းအဝိုင်းရဲ့ စွန့်ပယ်ခြင်းကို ခံယူကြမယ် ဓားသွားတွေထက် အပြုံးတွေနဲ့ နင်းဖြတ်ကြမယ် ဗီလိန် ကိုယ်တို့က သစ္စာတရားရဲ့ ဗီလိန်တွေ ဒါပေမဲ့ ကိုယ်တို့ချစ်ခြင်...