Part~22💔Final Part 💔Z+U

5.3K 321 45
                                    

(Unicode)

လှပပြည့်စုံတဲ့နံနက်ခင်းတစ်ခုဆိုတာ ခုလို ရင်ခွင်ထဲက ချစ်ရသူမျက်နှာလေးကို ငေးကြည့်ရင်း နိုးထလာရတဲ့အခိုက်အတန့်ပင် ဖြစ်ပေလိမ့်မယ်

သဘာဝအတိုင်းပင် ဖွေးနုနေသော ချစ်ရသူ၏ မျက်နှာလေးက ချစ်စဖွယ်အတိ

ညက ကိုယ်နဲ့သူရဲ့ အချစ်ခရီးလေးကြောင့် ပင်ပန်းထား၍ ခုချိန်ထိ နှစ်ခြိုက်စွာ အိပ်ပျော်နေသေးသည်

နှုတ်ခမ်းပါးသေးသေးလေးတွေ စုလိုက်ချွန်လိုက်ဖြင့် အိပ်မက်ထဲ ကိုယ့်များစိတ်ကောက်နေသလား အချစ်ရယ်

ပါးပြင်အိအိကို ခပ်ဖွဖွနမ်းရှိုက်လိုက်ရင်း ကိုယ်ဟာ သူ့မျက်နှာလေးကို လက်ထောက်ငေးနေဆဲ..

ဒီနေ့တော့မနက်စာမပြင်တော့ဘူး..

သူလေးနိုးထလာတဲ့အခါ..အပြင်လည်ဖို့ဆုံးဖြတ်ထားသည်မို့ မနက်စာလည်း အပြင်မှာသာစားကြမည်

ချစ်တယ်..အချစ်လေး... ကိုယ်တို့..နာကျင်မှုတွေကနေ..အဝေးဆုံးကိုထွက်သွားကြမယ်နော်...ကိုယ်ပြင်ဆင်နေတာမို့..တစ်ရက်နှစ်ရက်ပဲစောင့်ပေးပါတော့...

Canada ကိုပြောင်းသွားတဲ့ JongIn တို့စုံတွဲကို သူဆက်သွယ်ထားကာ အကျိုးအကြောင်းအစုံပြောထားပြီးပြီ

ကုမ္ပဏီ နဲ့ပါတ်သက်သမျှ ကို Kris Hyung ဆီ လုံးဝလက်လွှဲနိုင်အောင်လည်း ပြင်ဆင်ပေးခဲ့ပြီးပြီ

အရာအားလုံးကအဆင်သင့်ဖြစ်နေပြီ သဘက်ခါ ဗီဇာရသည့်နှင့် သူတို့နှစ်ယောက် နာကျင်စရာတွေကို ကျောခိုင်းရင်း လှပတဲ့ ဘဝလေးတစ်ခုကို တူတူဖန်တီးတော့မယ်

သားမိုက်တွေအတွက်တော့ Appa တို့ဘက်က နားလည်ပေးနိုင်ပါစေလို့ မျှော်လင့်ပါတယ်..

ချစ်ရသူကိုယ်လေးအား ရင်ခွင်ထဲ ထွေးပွေ့လိုက်တော့ အင်း...အဲ...အသံပြုလာသည်

မျက်ဝန်းမှေးမှေးတွေက ပွင့်မလာသေးပဲ အလိုမကျဟန်ဖြင့် မျက်မှောင်အရင်ကျုံ့ထားသည် သဘောကျလွန်း၍ အောက်နှုတ်ခမ်းလေးကို ဆွဲငုံလိုက်တော့မှမျက်ဝန်းတွေက ဖြေးညှင်းစွာ ပွင့်လာသည်

💔 VILLAIN 💔Donde viven las historias. Descúbrelo ahora