(Unicode)
Seoul University ကနေ ထွက်လာတဲ့ မိန်းကလေးတစ်ယောက်ဆီသို့ အရှိန်ပြင်းစွာဖြင့် ကားတစ်စီး ဦးတည်လာ၏
တိုက်ဆိုင်မှု ဆိုသည်ထက် ရည်ရွယ်ချက်ရှိရှိဖြင့် ဦးတည်လာခြင်းဖြစ်သည်
သူမနားသို့ ထိုကားရောက်ခါနီး
"YuKi''
သူမ၏ လက်တစ်ဖက်အား လှမ်းဆွဲလိုက်သော လူတစ်ယောက်ကြောင့် ထိုကား၏ ဦးတည်ရာလမ်းကြောင်းမှ လွတ်မြောက်သွားသည်
ထိုအဖြစ်အပျက်ကို သူမကသိဟန်မတူ
သူ့လက်အား ဆွဲသော သူအား မြင်တော့ ကြောင်ငေးကာသူမကြည့်နေမိသည်
အချိန်တည်း၌ သူမ၏ ဘယ်ဘက်တနေရာမှ လှုတ်ခတ်မှုကိုလည်း ခံစားလိုက်ရသည်
" Dae...JongDae.."
" အင်း...ငါပြန်လာပြီ..YuKi.."
သူမအား ဖက်လိုက်သော Daeကြောင့် လွန်ခဲ့တဲ့လေးနှစ်ခန့်က ကဲ့သို့ ရင်ခုန်သံတွေမြန်ဆန်လာရသည်
" လွှတ်...လွှတ်ဦး..Dae..လူတွေကြည့်ကုန်ပြီ.."
"sorry ငါဝမ်းသာသွားလို့ တနေရာသွားပြီးအေးဆေးစကားပြောရအောင် "
" omm ငါ မောင့်ကို ph ဆက်လိုက်ဦးမယ် မောင်လည်းနင့်ကိုသတိရနေတာ "
"ph မဆက်နဲ့တော့ သူအလုပ်လုပ်တဲ့ ကုမ္ပဏီကို သိတယ်မလား သွားစောင့်ရအောင် သူအံ့သြသွားအောင်လို့ ''
" အင်း..သဘော.."
အပြုံးတစ်ခုဖြစ်ပေါ်လာတိုင်း ကော့ညွှတ်တက်သွားသော နှုတ်ခမ်းဖျားလေးတွေအား YuKi တခဏမျှ ငေးကြည့်မိ၏
လေးထောင့်ဆန်ဆန် မောင့် အပြုံးလေးတွေက လှတယ်ဆို
နှုတ်ခမ်းပါးပါးတွေကော့တက်အောင်ပြုံးတတ်တဲ့ Dae အပြုံးတွေက အေးချမ်းသည်
တစ်ချိန်က သူမ၏ အရေးကြီးဆုံးသော လူသားနှစ်ဦး မောင်နဲ့ သူ
သူထွက်သွားချိန်၌ မောင် ဘေးမှာ ရှိပေးခဲ့သလိုမျိုး မောင် ထွက်သွားတော့မဲ့ အချိန်မှာ သူ ကျွန်မဘေးနား ပြန်ရောက်လာလေသလား..
![](https://img.wattpad.com/cover/163918775-288-k294638.jpg)
YOU ARE READING
💔 VILLAIN 💔
Fanfictionဒီရင်ထဲက ထပ်တူကျနေတဲ့ နှလုံးသားတစ်စုံအတွက် ရဲရင့်ကြရအောင် တစ်ပါးသူရဲ့ နှလုံးသားကို နင်းချေကြမယ် အသိုင်းအဝိုင်းရဲ့ စွန့်ပယ်ခြင်းကို ခံယူကြမယ် ဓားသွားတွေထက် အပြုံးတွေနဲ့ နင်းဖြတ်ကြမယ် ဗီလိန် ကိုယ်တို့က သစ္စာတရားရဲ့ ဗီလိန်တွေ ဒါပေမဲ့ ကိုယ်တို့ချစ်ခြင်...