(Unicode)
" အချစ် "
" ဟင် "
" ကျွန်တော့်ကို ဘယ်လောက်ချစ်လဲ "
ကိုယ့်ရင်ခွင်ကျယ်ကို ကျောမှီလို့ မှေးစက်နေတဲ့ ကလေးငယ်ဆီမှ မေးခွန်းလေးကြားတော့ ChanYeol ပြုံးမိသည်
နားသယ်စပ်လေးဆီ ခပ်ဖွဖွနမ်းမိသည်
" ပင်လယ်ကြီးလောက် လို့ ပြောရင်ယုံမလား ကောင်းကင်ကြီးလောက်လို့ပြောရင်ယုံမလား "
" ဘယ်လိုကြီးလဲ "
" ကိုယ်မင်းကိုချစ်တာ ဘယ်လောက်ရယ်ဘယ်ရွေ့ရယ်လို့ တိုင်းတာလို့မရဘူး
ကိုယ့်ရဲ့ဖြစ်တည်မှု ရှင်သန်မှုက Byun Baek Hyun ဆိုတဲ့ကောင်လေးရဲ့ဖြစ်တည်မှုနဲ့တစ်သားတည်းဖြစ်နေတဲ့ထိ ချစ်တာ
အချစ်သာ ကိုယ့်အနားကထွက်သွားမယ်ဆို ကိုယ်ဆိုတဲ့ဖြစ်တည်မှုကပျောက်ကွယ်သွားမှာ
Park Chan Yeol က သူ့နှလုံးသားကို Byun Baek Hyun ဆိုတဲ့လူသားလေးကို အပိုင်ပေးပြီးသားပါ ''
" ခင်ဗျား ဗျာ သိပ်တတ်လွန်းတယ် ''
" ရင်ကလာတဲ့ ကိုယ့်ချစ်ခြင်းအစစ်အမှန်တွေပါ အချစ်ရယ် "
" ကျွန်တော် ခင်ဗျား ကိုသိပ်ချစ်တာပဲ အချစ်ကို ပိုပြီးလောဘတက်လာပြီ အချစ်ကို ကျွန်တော့်ဘဝရဲ့နေ့ရက်တွေမှာ အမြဲရှိစေချင်တယ် "
" ရှိနေပေးမှာပါ အချစ်ဘေးနားမှာ ကိုယ်အမြဲရှိနေမှာ "
" နောက်သုံးလဆို Chanတို့ကုမ္ပဏီနဲ့ ကျွန်တော်နဲ့စာချုပ်ပြည့်ပြီ "
" တစ်သက်တာအတွက် စာချုပ်အသစ်ထပ်ချုပ်မှာပေါ့ "
" ကျွန်တော် အိမ်ပြန်ရမယ် အချစ် "
Chan:"......"
Baek စကားသံအဆုံး တိတ်ဆိတ်သွားသော Chan ကြောင့် လှည့်ကြည့်ဖို့ကြိုးစားတော့ ကိုယ့်ကိုပိုတင်းကျပ်အောင်ဖက်လို့ လှည့်ကြည့်ခွင့်မပေးခဲ့
" သူမတို့ကို လက်လွှတ်လိုက်ရအောင် အချစ် ''
" အချစ် "
" ကိုယ်တို့ အားလုံးကို ရင်ဆိုင်ကြည့်ရအောင် "
" ကျွန်တော် ကျွန်တော်...."
YOU ARE READING
💔 VILLAIN 💔
Fanfictionဒီရင်ထဲက ထပ်တူကျနေတဲ့ နှလုံးသားတစ်စုံအတွက် ရဲရင့်ကြရအောင် တစ်ပါးသူရဲ့ နှလုံးသားကို နင်းချေကြမယ် အသိုင်းအဝိုင်းရဲ့ စွန့်ပယ်ခြင်းကို ခံယူကြမယ် ဓားသွားတွေထက် အပြုံးတွေနဲ့ နင်းဖြတ်ကြမယ် ဗီလိန် ကိုယ်တို့က သစ္စာတရားရဲ့ ဗီလိန်တွေ ဒါပေမဲ့ ကိုယ်တို့ချစ်ခြင်...