💚 Episode ㅡ 6 🙅

480 76 8
                                    

(Unicode)

Taeyeon စင်ပေါ်ကနေ အလောတကြီး ပြေးဆင်းလာကာ သူ့ အဖေဆီသွားရန် ခြေလှမ်းနေစဉ် နောက်ကနေ Tiffany ရဲ့ မန်နေဂျာ Sunny က သူ့ကို လှမ်းခေါ်လေသည်။

Sunny - ' Mr.Kim !! ခဏ......... '

သူ့နာမည် ခေါ်သံကြား၍ Taeyeon နောက်သို့ လှည့်ကြည့်မိတော့ ဒီ ကမ္ဘာမှာ သူ အချစ်ရဆုံး ဖြစ်တဲ့ Tiffany ဆိုသည့် အမျိုးသမီးဘေးမှာ ရပ်နေတဲ့ မန်နေဂျာ ကောင်မလေးက လှမ်းခေါ်ခြင်းဖြစ်သည်။ သို့ဖြစ်၍ Taeyeon မပြုံးချင် ပြုံးချင် အပြုံးတစ်ခုကို ဆင်မြန်းကာ.........

Taeyeon - ' ဟုတ်ကဲ့ ပြောပါ Mrs. Lee '

သူ မေးလိုက်တော့ Sunny ကလည်း မပြောချင် ပြောချင် ပုံစံဖြင့် သက်ပြင်းချကာ.........

Sunny - ' CEO Kim က အပြင်မှာ သတင်းထောက်တွေကော Paparazi တွေကော ရှိလို့ ဒီ show ပွဲ ပြီးရင် သ့ူဆီ မလာပဲ Tiffany ကို သူတို့ Dorm ဆီ Mr.Kim က လိုက်ပို့ပေးလိုက်ပါတဲ့၊ပြီးတော့ သူနဲ့ စကားပြောချင်ရင်လည်း အိမ်ရောက်မှ ပြောပါတဲ့ '

Sunny စကားကြားတော့ Taeyeon မှာ ဟန်ပင် မဆောင်နိုင်တော့ပဲ.........

Taeyeon - ' WTF !! ဘာလို့ ကျွန်တော်က Ms.Young ကို လိုက်ပို့ရမှာလဲ? ရှင်းပြပါဦး Mrs.Lee shi '

Sunny ဘေးက Tiffany ကတော့ Taeyeon အား ဂြိုလ်တွေပေးကာ မျက်စောင်းတွေ လှိမ့်ထိုးနေလေသည်။Sunny မှာတော့ လက်ပေါက်ကပ်တဲ့ လင်မယား ၂ ယောက်ကြား စိတ်ကို မနည်း ဆွဲဆန့်ထားရင်း.........

Sunny - ' ဘာလို့လည်းဆိုတော့ အခု ရှင်တိ့ုက တရားဝင် ချစ်သူတွေ ဖြစ်သွားပြီလေ အဲ့ဒီအတွက် ရှင့်မှာ သူ့ကို နေ့တိုင်း အကြို အပို့ လုပ်ပေးဖို့ တာဝန် ရှိသွားပြီ Mr.Kim '

Taeyeon - ' S**t fake Relationship လေဗျာ ဒီလောက်လိုလို့လား ။ ပြီးတော့ အကြိုအပို့ လုပ်ပေးအောင် သူက မူကြို ကလေးလည်း မဟုတ်ဘူး အနုပညာရှင် တစ်ယောက်တောင် ဖြစ်နေပြီ Tskkkk '

Taeyeon ထိုသို့ ဆက် ငြင်းတော့ Sunny တစ်ယောက် မျက်မှောင်ကို ထင်ထင် ရှားရှား ကျုံ့ပြလိုက်ကာ.........

Sunny - ' မူကြိုကလေးဆိုရင်တောင် ကောင်းဦးမယ် အခုဟာက စိတ်ချ လက်ချ လွှတ်ထားလို့ မရလောက်အောင် လှနေတဲ့သူမလို့ မနာလိုသူတွေ ဖျက်စီးမှာစိုးရိမ်နေရတယ် just like TY. ကဲ ကျွန်မပြောခိုင်းတာတွေလည်း အကုန်ပြောပြီးပြီ၊ တာဝန်ချိန်လည်း ပြည့်သွားပြီမလို့ ကျွန်မကို ခွင့်ပြုပါဦး Mr.Kim ။ Fany ကိုလည်း အပ်ပါတယ် '

In A Relationship With My Anti Fan (Z+U) ☑ Where stories live. Discover now