(Unicode)
' Morning Appa '
ထမင်းစားခန်းထဲကို ဝင်ဝင်ချင်း ညက ကိစ္စတွေကို သတိမရပဲ Taeyeon တစ်ယောက် Mr.Kim အား နှုတ်ဆက်လိုက်လေသည်။
Mr.Kim - ' Morning ငါ့ သား ဘာ စားမလဲ? Arjima ကို ပြောလိုက် '
Taengoo လည်း သူ့ အဖေ အဲ့သလို ပြောလိုက်တော့ ပန်းကန် ဆေးနေတဲ့ Arjima ဘက်ကို လှည့်ကာ………
Taeyeon - ' သားကို နွားနို့နဲ့ ပေါင်မုန့် မီးကင်ပဲ ပေးပါ Arjima '
Taeyeon အဲ့သလို ပြောပြီး သူ့ အဖေဘက် ပြန် လှည့် ကြည့်လိုက်တော့ ဟိုက မျက်မှောင် ကျုံ့ကာ သူ့ သားကို ကြည့်လိုက်ရင်း………
Mr.Kim - ' ငါ့ သားရာ တစ်ခါ တစ်လေလေး မနက်စာကို ထမင်းလေး ဘာလေး စားပါလားကွာ မင်းဟာကလည်း တစ်ခါလာလည်း ဒီဟာ နောက် တစ်ခါ…… '
Mr.Kim စကားတောင် မဆုံးသေး Taeyeon က ကြားဖြတ်ကာ………
Taeyeon - ' Appa ကလည်း သား ခဏ ခဏ ပြောရဲ့သားနဲ့ ဒါက… '
ဒီ တစ်ခေါက်ကတော့ Taeyeon ပြောနေတာကို Mr.Kim က ဖြတ် ပြောလိုက်ခြင်းပင်………
Mr.Kim - ' Sica လေး နဲ့ တူအောင်လေ အမေရိခန် breakfast လို့ ပြောလိုက်ပါဦး '
Taeyeon သူ့ ပုံစံအတိုင်း လုပ်ကာ ပြောနေသည့် သူ့ Appa အား ကြည့်ကာ ရယ်ရင်း ခေါင်းခါကာ Arjima လာ ချပေးတဲ့ နွားနို့ကို တစ်ငုံ သောက်လိုက်လေသည်။ ထိုစဉ်မှာပဲ Mr.Kim ဆက် ပြောလိုက်သည့် စကားမှာ သူ့ အပေါ် သက်ရောက်မှု ပြင်းပြင်း ထန်ထန် ကျရောက်သွားသည်။ထို စကားမှာတော့…
Mr.Kim - ' သား ကုမ္ပဏီလာရင် Tiffany ကို ဝင်ခေါ်ခဲ့ဦးနော် '
Taeyeon - ' ဖလူးးးးးးးးး '
ထို စကားကြောင့် Taeyeon မှာ ငုံ ထားတဲ့ နွားနို့များ ပြန်ထွက် ကုန်လေတယ်။ ဟုတ်သားပဲ ဒီ ကိစ္စ… ဒီ ကိစ္စကို Appa နဲ့ ရှင်းရဦးမှာ……
Taeyeon - ' Godddddd ဟုတ်သားပဲ Appa နဲ့ သား အဲ့ ကိစ္စ စာရင်း ရှင်းစရာ ရှိသေးတယ် '
Taeyeon ထိုသို့ ပြောတော့ Mr.Kim မှာ သိနေတယ် ဟူသော မျက်နှာပေးဖြင့် သူ့ သားအား စိုက်ကြည့်ကာ………
Mr.Kim - ' ရှင်းစရာ? ဘာများလဲ ငါ့ သားရ '
Taeyeon - ' သား အတွက် စဉ်းစား ပေးထားတယ်ဆိုပြီး ဘာလို့ Tiffany နဲ့လဲ? '
YOU ARE READING
In A Relationship With My Anti Fan (Z+U) ☑
Fanfiction(Unicode) Ashhhhh အာလာဒင်သာရှိရင် ပထမ ဆုတောင်းက ဒီ idol 2 ယောက်ကို လေဆင်နှာမောင်းထဲ ထည့်ဖမ်းပစ်မယ်။ ဒုတိယ ဆုတောင်းက သူတို့ အငွေ့အသက်တွေ မရှိနိုင်မယ့် နေရာအသစ် ဖန်ဆင်းခိုင်းမယ်။ တတိယ ဆုတောင်းက အင်း တတိယ ဆုတောင်းကတော့ သူတို့ကို မချစ်မိအောင် ဆုတောင်းမယ...