💚 Episode ㅡ 13 🙅

456 66 39
                                    

(Unicode)

At SM's Cafe

Jessica - ' Yahh Kwon Yuri အစားချည်းပဲ စားမနေနဲ့ နင့် သူငယ်ချင်း Tiffany ကိုလည်း တစ်ချက် ကြည့်ဦး မနက် Dorm က ထွက်ကတည်းက ရုပ်က မျောက် ချုံးတီးရထားတဲ့ ရုပ် ဖြစ်နေတာ '

Coffee ဆိုင်အတွင်း ထိုင်နေတဲ့ ကောင်မလေး ၃ ယောက်အနက် ကော်ဖီကို မသောက်ပဲ ဇွန်းနဲ့ မွှေကာ မှိုင်နေတဲ့ Tiffany ကို ကြည့်ပြီး Jessica တစ်ယောက် သူ့ဘေးက Cup-cake တစ်လှည့် ချောကလက်ကိတ် တစ်လှည့် ခေါင်းမဖော်တမ်း စားသောက်နေတဲ့ Yuri ကို ပြောလိုက်ခြင်းပင်။ သူမ အဲ့သလို ပြောလိုက်တော့မှ Yuri မှာ Tiffany ကို တစ်ချက် ရှိုးကာ………

Yuri - ' အေး ဟုတ်ပါ့ Tiffany Young ရ နင့် ရုပ်က ဘာဖြစ်နေတာတုန်း မဟုတ်မှလွဲရော ဝမ်းကျနေတာလား?  '

Jessica ပြောလိုက်တော့မှ စကားဝိုင်းထဲ သတိ ပြန်ဝင်လာသလို ပုံစံနဲ့ Fany မှာ Yuri စကားကိုလည်း ဆက်ကြားရော သူ့ရဲ့ ညစ်တီး ညစ်ပတ် ပြောနိုင်လွန်းတဲ့ သူငယ်ချင်း ၂ ယောက်ကို ဂြိုလ်ကြည့် ကြည့်လိုက်ပြီး………

Tiffany - ' ထွီ… နင်တို့ အဲ့လို စကားတွေကို မုန့်တို့ ထမင်းစားနေတဲ့ အချိန်မှ ထထပြောနေလိုက်ကြသက်လား -_- '

Yuri - ' heee စိုးရိမ်လွန်ပြီး စကား မှားထွက်သွားတာပါ သယ်ရင်းကလည်း စိတ်ချည်းပဲ '

Yuri သွားလေး ဖြီးပြကာ ပြောတော့ Tiffany မှာ သူ့ သူငယ်ချင်း ၂ ယောက်ကို မနိုင်ဘူးဟူသော သဘောဖြင့် ခေါင်းခါပြပြီး………

Tiffany - ' ငါ ခရီးပန်းနေလို့ပါဟ ဘာမှ မဖြစ်ဘူး ခဏနေ အိမ်ပြန်နားလိုက်မယ် '

Yuri - ' အယ် ဘာမှမဖြစ်ဘူးလည်း ပြောသေး အိမ်ပြန်နားမယ်တဲ့?? @_@ '

Tiffany - ' Yahh Kwon YURI !! '

Yuri - ' Aigoo Aigoo စတာပါဟယ် နင်ကလည်း အော်ဖို့တော့ အားရှိသေးသား ခ်ခ် '

Yuri လျှာထုတ်ပြကာ ပြောလိုက်တော့ Tiffany မှာ * နင် သေတော့မယ် * ဟူသော အကြည့်ဖြင့် ကြည့်လိုက်လေတယ်။ Jessica ကတော့ သူငယ်ပြန်နေတဲ့ သူ့ သူငယ်ချင်း ၂ ယောက်ကို ကြည့်ရင်း တစ်ချက် ရယ်မိလေသည်။

Jessica - ' ငါ ပြောသားပဲ မနေ့ညကတည်းက ဒီနေ့ ခွင့်ယူရအောင်လို့ '

In A Relationship With My Anti Fan (Z+U) ☑ Where stories live. Discover now