(Unicode)
At SM Ent.
*ဒေါက် ဒေါက်*
Taeyeon - ' Appa သားရောက်ပါပြီ '
Mr.Kim - ' အေး အမြန်ဝင်ခဲ့ Taengoo '
Taeyeon သူ့ အဖေ ရုံးခန်းထဲ ဝင်လိုက်တော့ ကွန်ပြူတာ တစ်လုံးနဲ့ အလုပ်ရှုပ်နေတဲ့ Mr.Kim မှာ သူ့သားကို ခေါ်ကာ ကွန်ပြူတာကို Taeyeon ရှေ့တွန်းပို့ပေးရင်း.........
Mr.Kim - ' Taengoo မင်း Kev Nish ကို သိလား? '
ဆိုင်းမဆင့် ဗုံမဆင့် သူ့ သူငယ်ချင်းနာမည်တပ်ကာ မေးလိုက်တဲ့ စကားကြောင့် Taeyeon လည်း Laptop ကို ယူကြည့်ကာ.........
Taeyeon - ' Nae Appa သူက သား သူငယ်ချင်းပါ ဟို...ဟိုလေ Anti Tiffany page တုန်းက သားခန့်ထားတဲ့ Admin တစ်ယောက်......... '
Taeyeon ပြောလက်စ စကားများရပ်တန့်သွားလေတယ်။ အကြောင်းမှာ KeV ဆိုသော fb acc တစ်ခုမှာ သူ အရင်က Tiffany ကို ဘယ်လို ပြောဆိုထားတာတွေ / Anti Tiffany page အတွက် ဘာတွေ တင်ပြီး ပြောရမလည်းဆိုတဲ့ သူနဲ့ Chat ထားတဲ့ ss တွေကို * တကယ်တော့ Anti Tiffany Page ရဲ့ admin တွေက ကျွန်တော်နဲ့ Taeyeon ပါ။ အခုမှ ဝန်ခံမိလို့ တောင်းပန်ပါရစေ * ဟူသော Caption ဖြင့် တင်ထားလေသည်။ သွားပြီ သူ ယုံကြည်ခဲ့မိတဲ့ သူ့ သူငယ်ချင်းအရင်းကြီးက နောက်ကျောကို ဓားနဲ့ ထိုးခဲ့လေပြီ။
Taeyeon - ' ဘာ...ဘာလို့လည်း ဘာလို့ အကုန် အဆင်ပြေသွားချိန်မှလည်း အားးးး Kev မင်း မင်း '
Mr.Kim - ' အဲ့တာ သင်ခန်းစာယူတော့ Taengoo လူတွေကို အယုံမလွယ်နဲ့ ။ နောက်ပြီး appa စုံစမ်းမိသလောက် အဲ့ Kev ဆိုတဲ့လူက Anti Tiffany မဟုတ်ဘူး Tiffany ရဲ့ Saesang Fan တဲ့။ '
Taeyeon - ' ashhhhh ဘယ်လိုလုပ်ရမလည်း appa? သား Tiffany နဲ့ မခွဲချင်ဘူး ဒီနေ့မှ သားတို့ရဲ့ 1st Day လေးပဲ ရှိသေးတာ '
Mr.Kim - ' ဟေ ဘယ်လိုပြောလိုက်တယ် Taengoo? မင်း ဆိုလိုတာက? '
Mr.Kim မျက်ခုံး တစ်ဖက်ပင့်ကာ မေးလိုက်တော့ Taeyeon တစ်ယောက် မျက်လွှာချကာ သက်ပြင်းရှိုက်ရင်း.........
Taeyeon - ' huu ဟုတ်တယ် appa သား Tiffany ကို ချစ်မိသွားပြီ '
Taeyeon ရဲ့ ရဲရဲဝံ့ဝံ့ ဝန်ခံမှုကြောင့် Mr.Kim ပထမဆုံးအနေနဲ့ သူ့သားကို စိတ်ထဲမှာ ချီးမွမ်းမိသွားလေတယ်။ထို့နောက် သူ့ရှေ့က ဖုန်းကို ကောက်ကာ အတွင်းရေးမှူး Nam ကို ဖုန်းဆက်လိုက်ပြီး.........
YOU ARE READING
In A Relationship With My Anti Fan (Z+U) ☑
Fanfiction(Unicode) Ashhhhh အာလာဒင်သာရှိရင် ပထမ ဆုတောင်းက ဒီ idol 2 ယောက်ကို လေဆင်နှာမောင်းထဲ ထည့်ဖမ်းပစ်မယ်။ ဒုတိယ ဆုတောင်းက သူတို့ အငွေ့အသက်တွေ မရှိနိုင်မယ့် နေရာအသစ် ဖန်ဆင်းခိုင်းမယ်။ တတိယ ဆုတောင်းက အင်း တတိယ ဆုတောင်းကတော့ သူတို့ကို မချစ်မိအောင် ဆုတောင်းမယ...