💚 Episode ㅡ 9 🙅

474 68 9
                                    

(Unicode)

Yoona အော်လိုက်သည့် အသံကြောင့် Mr.Im နဲ့ Yuri ခဗျာ လန့် ဖြန့်သွားရလေသည်။ထို့နောက် Mr.Im လည်း သူ့ သမီးကို ဘု ရှိုး ရှိုးကာ………

Mr.Im - ' Gshhhhh ဘာလို့ အဲ့လောက် အော်ဟစ်နေရတာလဲ Yoongie ရယ် '

Mr.Im အဲ့သလို ပြောလိုက်တော့ Yoona ခဗျာ သူမ ပါးစပ်ကို ဆတ်ခနဲ တစ်ချက် ပိတ်လိုက်ကာ သူမ အဖေကို………

Yoona - ' သမီး ရုတ်တရက် မရှင်းလိုက်လို့ပါ Appa ရယ်။ '

Mr.Im - ' ဘာကို မရှင်းတာတုန်း သမီးက? aigoo မရှင်းရင် တိုးတိုး မေးလည်း ရတာကို '

Mr.Im သူ့ သမီးကို ကြည့်ကာ စုတ် တသပ်သပ်ဖြင့် ပြောတော့ ဟိုက သူ့ အဖေ ပြောတာကို မကြားချင်ယောင် ဆောင်ကာ သူမ သိချင်တာပဲ ဇွတ် မေးလေတယ်။

Yoona - ' ခုန Appa ပြောတာလေ ဒီက တစ်ယောက်က SM Ent. ကို တူတူသွားဖို့ သမီးကို ဝင်ခေါ်တာဆို အဲ့တာ ဘာ အဓိပ္ပာယ်လဲ? '

Yuri - ' အမယ် ငါ့ကိုများ ဒီက တစ်ယောက်တဲ့ !! ဒီ ကလေးမတော့ ဆွဲဖက် နမ်းလိုက်လို့ အဲလေ အဲလေ ရိုက်ထည့်လိုက်လို့ သေတော့မယ် ပြောပါတယ် '

(အမလေး Yuri ရယ် ရှင် ခြိမ်းခြောက်တာကြီးကလည်း ကျောင်းဆရာတော် :3 )

Yuri လည်း စိတ်ထဲကနေ လူယုတ်မာ တစ်ယောက်လို ကြံစည်ရင်း ထို ကလေးမကို စိုက် ကြည့်နေလေတယ်။ ဟိုကတော့ သူ့ကို အဖတ်မလုပ်ပဲ သူမ အဖေရဲ့ ဖြေရှင်းချက်ကိုသာ စောင့်နေလေတယ်။

Mr.Im - ' awww ဟုတ်သားပဲ သမီးကို ညက Appa ပြောဖို့ မေ့နေတာ။ သမီး ဒီနေ့က စပြီး SM Ent. မှာ ဝင် အလုပ်လုပ်ရမယ် '

Yoona - ' What !!!!!!!!! '

ဒီ တစ်ခါတော့ စောနကထက် ၂ ဆ ကျယ်သော အသံနဲ့ Yoona တစ်ယောက် ထ အော်လိုက်လေတယ်။

Yuri - ' Ashh အာပြဲ……… ' (whisper)

Yoona - ' ဘာပြောလိုက်တယ် !! အဒေါ်ကြီး အု… အဟု… !! " (shout)

Yuri က တိုးတိုးလေး ပြောလိုက်သော်လည်း Yoona မှာ ကြားသွားပြီး ရန် ပြန်ထောင်နေစဉ် သူမ အဖေမှာ သူမ ပါးစပ်အား လှမ်း အုပ်ကာ ဆက် မပြောတော့ဖို့ အချက် ပြလေတယ်။ ဒီ Fanboy ကို ကလန် ကဆန်လုပ်လည်း သူမပဲ ရှုံးမယ်မှန်း သိလို့ Yoona ခဗျာ အောင့် သက်သက်နဲ့ သူမရှေ့က Yuri အား မျက်စောင်း တစ်ချက် ကျွေး၍သာ ကျေနပ်လိုက်ရတယ်။

In A Relationship With My Anti Fan (Z+U) ☑ Where stories live. Discover now