💚 Episode ㅡ 14 🙅

469 65 14
                                    

(Unicode)

Next Morning………

At SM's Practice Room………

' Fany ဆေးရုံတင်ထားရတယ် '

Taeyeon နားထဲ ထို စကားတွေသာ ပဲ့တင်သံတွေထပ်ပြီး ကြားနေလေတယ်၊ ရုတ်တရက်ကြီး အလတ်ကြီးရှိနေတဲ့သူက ဘယ်လို ဆေးရုံရောက်သွားတာလဲ?

Yoona - ' ဟဲ့ Taengoo နင် အကတွေ ခဏ ခဏ လွဲနေတယ်နော်။ ဘာလည်း Tiffany ဆေးရုံတင်ထားရတာကို စိတ်မကောင်း ဖြစ်နေလို့လား '

အကတိုက်ပြီး ၂ ယောက်သား ခဏ နားနေတုန်း Yoona မှာ သူ့ သူငယ်ချင်း အနား လာ ရပ်ရင်း ပြောလိုက်လေတယ်။ Taeyeon လည်း သူ တွေးနေတဲ့ အတွေးစများ ပြတ်တောက်သွားကာ Yoona ကို ခေါင်းခါပြလေတယ်၊

Taeyeon နဲ့ Yoona တ့ို လေ့ကျင့်ရက်တွေအတွင်း တစ်ခု သိရသည်က အခုလို Trainee ကာလတွေက စိတ်ပင်ပန်း လူပင်ပန်းနဲ့ သူတို့အဖို့ ငရဲကျနေသလိုပင်။ သူတို့အနေနဲ့သာဆို တစ်ပတ်လောက်နဲ့ ထွက်ပြေးမိမှာ သေချာပေမယ့် Appa Kim နဲ့ Appa Jung ရဲ့ ခြိမ်းခြောက်ထားမှုကြောင့် အခု Debut ထိ သည်းခံလာရခြင်းပင်။ တစ်ဆက်တည်းမှာ လေးစားမိသည်ကလည်း အရင် စီနီယာတွေတုန်းက နှစ်အတော်ကြာတဲ့ ကာလကိုတောင် ခံနိုင်ရည် ရှိသည်ကိုပင်။ အခုလည်း ဒီနေ့က သူတို့ Debut လုပ်မယ့်နေ့ဖြစ်ပေမယ့် Taeyeon မှာ ကကွက် တစ်ကွက်ကြောင့် ခုထိ အခက်တွေ့နေတုန်းပင်………

Taeyeon - ' ဟူးး ချီးမို့ ငါက စိတ်မကောင်းဖြစ်ရမှာလား။ ဒီ အပိုင်းက ငါ့အတွက် တအား ခက်နေလို့။ ငါ ခုန်ပြီး လှည့်တဲ့ အကွက်မှာ မလဲအောင် အာရုံ စိုက်လိုက်မိတော့ နောက်ပိုင်း အကွက်ကို မေ့သွားရော '

Taeyeon စိတ်ပျက် လက်ပျက် ထိုင်ကာ ပြောမိတော့ သူတိ့ုရဲ့ အကဆရာ Henery က သူ့နား လာထိုင်ပြီး

Henery - ' ဖြစ်တတ်ပါတယ် Mr.Kim ရဲ့ ရှေ့က Debut သွားတဲ့ idol တွေတုန်းကလည်း ဒီလိုပါပဲ ဘယ်အရာမှ လွယ်ကူတယ် ဆိုတာမျိုးတော့ မရှိဘူးပေါ့ သူတို့တုန်းက ပြင်းပြင်း ထန်ထန် ခိုက်မိတာတွေ ဘာတွေတောင် ရှိခဲ့ဖူးတယ် '

Taeyeon - ' wow Really?? '

Henery - ' တကယ်ပေါ့ Mr.Kim ရဲ့ ကျွန်တော် ရှေ့မှာ ဖြစ်ပျက်ခဲ့တဲ့ accident တွေကို တော်တော်များတယ် '

In A Relationship With My Anti Fan (Z+U) ☑ Where stories live. Discover now