💚 Episode ㅡ 11 🙅

433 47 7
                                    

(Unicode)

* ဒေါက် ဒေါက် *

' CEO Shi  Mr.Kim တို့ ရောက်လာပါပြီ '

အခန်းဝမှ အတွင်းရေးမှူးမလေးရဲ့ စကားသံကြောင့် Mr.Kim လုပ်လက်စ စာရွက် စာတမ်းတွေကို အရင် သိမ်းလိုက်ပြီး သူ့ သားတို့ကို အထဲလာခဲ့ဖို့ ခေါ်လိုက်လေတယ်………

Mr.Kim - ' ရောက်လာကြပြီလား '

Taeyeon - ' Naeeeee……… '

ပျင်းတိ ပျင်းရွဲဖြင့် သူ့ အဖေ စကားကို Taeyeon ပြန် ဖြေလိုက်ခြင်းပင်။ Mr.Kim လည်း သောက်ပျင်းတစ်နေသော သူ့ သားကို မျက်မှောင် တစ်ချက်ကျုံ့ ကြည့်လိုက်ပြီး YoonA တု့ိ ဘက် လှည့်ကာ……

Mr.Kim - ' ဒီနေ့ Fany နဲ့ Yuri ကို အန်ကယ် ခွင့် တစ်ရက်ပေးမလို့ '

Mr.Kim ရဲ့ စကား တစ်ခွန်းဟာ ခုံပေါ်မှာ ကျောက်ရုပ်လို တောင့်တောင့်ကြီးတွေ ထိုင်နေကြတဲ့ Yuri နဲ့ Tiffany တို့ရဲ့ မျက်နှာကို ပြုံးရိပ်တွေ သမ်းသွားဖို့ လုံလောက်စေတယ်။Yuri လည်း ထူးထူး ခြားခြား သဘောကောင်းနေတဲ့ CEO Kim အား ပြုံးပြလိုက်ကာ………

Yuri - ' arrr CEO ကလည်း ရပါတယ် ကျွန်မတို့ မနားတော့ပါဘူး… '

Yuri ဆက်ပြောမယ့် စကားကို Mr.Kim က လက်ကာပြကာ တားရင်းနဲ့………

Mr.Kim - '  မဟုတ်ဘူး မဟုတ်ဘူး နားမှကို ဖြစ်မှာ Yuri ရဲ့။ မင်းတို့ကို ဒီနေ့ ငါ့ သားနဲ့ Yoongie လေးတို့နဲ့ ဘာအလုပ်နဲ့ ကိုက်မလည်းဆိုတာ အတူဆွေးနွေးခိုင်းမလို့ '

Yuri " ဝက်သားဖတ် !! ငါတို့ကို နားခိုင်းရတဲ့ အကြောင်းအရင်းက သူ့သားနဲ့ ဟို လူဇိုးမကို ထိန်းဖို့လား?  "

Tiffany " ကျွတ်စ် သူ့ သား အကြော တင်းပုံမျိုးနဲ့ဆို အရင်ဆုံး သန့်ရှင်းရေး အလုပ်ကနေ စပြီး လုပ်ခိုင်းမှ မာနလေး နည်းနည်း လျော့သွားပြီး အပေါ်ဘက် ရာထူးတွေမှာ အဆင်ပြေမှာကို ဒီ CEO က ဘာတွေ တိုင်ပင် ခိုင်းချင်သေးတာလည်း မသိ :') "

Yulti ၂ ယောက် အတွေး ကောင်းနေတုန်း Mr.Kim မှာ ချောင်း တစ်ချက် ဟန့်ကာ သူ ပြောလိုရာကို ဆက်ပြောလေတယ်။

In A Relationship With My Anti Fan (Z+U) ☑ Where stories live. Discover now