💚 Episode ㅡ 10 🙅

498 75 12
                                    

(Unicode)

" အဟမ်း ရောက်ပြီ "

Tiffany တစ်ယောက် သူမ အိမ်ကနေ SM ကို သွားတဲ့လမ်းတစ်လျှောက်လုံး ငိုင်လာသည်မှာ အခု Taeyeon အသံကြားမှ သတိ ပြန်ဝင်လာလေတယ်။

Tiffany - ' Aww O…Omm '

ဟု ပြောပြီး Taeyeon မျက်နှာကို စေ့စေ့ မကြည့်ပဲ ခါးပတ်ကို ဖြုတ်ကာ ဆင်းဖို့ လုပ်တော့ ဘေးက Taeyeon မှာ သူမ လက်ကို လှမ်း ဆွဲလိုက်ကာ ဘေး ပတ်ဝန်းကျင်ကို တစ်ချက် အကဲခတ်ပြီး………

Taeyeon -  ' နေဦး '

လို့ ပြောပြီးတာနဲ့ Taeyeon မှာ သူ့ ထိုင်ခုံ ခါးပတ် ဖြုတ်ပြီး ကားပေါ်မှ အပြေး အလွှား ဆင်းကာ Tiffany ကား တံခါးကို ဖွင့်ပေးလေတယ်။ ဒီလောက်ဆို Tiffany ရိပ်မိပါပြီ သူမတို့ ကားရဲ့ အနီး အနားမှာ သတင်းထောက်တွေ ရှိနေမယ်မှန်း။ သူမလည်း မူရင်း Eyesmile ကြီးကို ဆင်မြန်း၍ ကားပေါ်က ဆင်းလိုက်ကာ ကား တံခါး ပိတ်ပြီး ဒီဘက် ပြန်လှည့်လာတဲ့ Taeyeon ဘယ်ဘက် လက်မောင်းကို ချိတ်ပြီး သတင်းထောက်တွေနဲ့ သူမရဲ့ Fansite Master nim တွေ ရှိရာဘက်ကို ပြုံးပြီး ဦးညွှတ်ပြကာ ကုမ္ပဏီထဲ ဝင်လာလေတယ်။ သူမ မြင်မိပါတယ် တချို့ fan တွေက တစ်ညလုံး ငိုထားလို့ မို့အစ်နေတဲ့ မျက်အိတ်တွေနဲ့ နီရဲနေတဲ့ မျက်လုံးတွေ / တချို့ကတော့ စိတ်မကောင်းနေတဲ့ မျက်နှာတွေအပြင် တချို့ကတော့ အားကျပြီး သူမတို့ Relationship ကို ကြည်ဖြူနေတဲ့ မျက်နှာတွေ။ အများကြီး… အများကြီးပဲ… သူမ တွေ့ခဲ့သည်။ သူမ နားလည်ပါတယ် ကိုယ်ချစ်တဲ့ idol ရဲ့ dating ထွက်ရင် ကမ္ဘာပျက်သလို ခံစားနေရမယ့် သူတု့ိလေးတွေ အကြောင်းကိုပေါ့………

" မင်း ငိုနေတာလား? "

ဟော… ဒီ တစ်ခါလည်း သူမ စိတ်နဲ့ လူ မကပ်တာကို Taeyeon က သတိ ပေးလိုက်ပြန်သည်။ Taeyeon ထိုသို့ မေးလိုက်တော့ သူမရဲ့ လက်များက အလို အလျောက် သူမ မျက်လုံး တစ်ဝိုက်ကို ကိုင်ကြည့်မိလေတယ်။Ohh… သူမ ငိုမိတာပဲ Ashh ။ ဒါပေမယ့် ငိုမိတာကတော့ မဆန်းဘူးလေ သူမ ဆယ်ကျော်သက် ဘဝကတည်းက ဒီ Fan တွေနဲ့ပဲ သူမရဲ့ အချိန်/ ငယ်ရွယ်မှု/ ပျော်ရွှင်ခြင်း/ ဝမ်းနည်းခြင်း စတာတွေကို အတူတူ ဖြတ်သန်း လာရတာဆိုတော့ အခု သူမ ရှေ့မှာမလို့ မျက်ရည်ဝဲလျက်နဲ့ တင်းခံကာ သူမကို ပြုံးပြနေတဲ့ Fan တွေကို မြင်တော့ ငိုမိရောပေါ့။ သူမ အနာဂတ်ကို ပြေး ကြည့်မိချင်တယ်။ အခုလို Dating ကိုတောင် Fan တွေ ဒီလောက် ခံစားနေရတာ Wedding တု့ိ ဘာတို့ဆို ဘယ်လိုများနေမလည်း ဆိုတာကိုပင်။

In A Relationship With My Anti Fan (Z+U) ☑ Where stories live. Discover now