Part-1

7.4K 164 12
                                    

စိုစွတ်လှတဲ့မိုးရာသီပြီးဆုံးသွားပြီ အေးမြသောဆောင်းရာသီ ဒီဇင်ဘာလတောင်ရောက်ရှိလာပြီဖြစ်သည်။တစ်နည်းအားဖြင့်ပြောရရင် ဘဝရဲ့တစ်ချိုးတစ်ကွေ့ဖြစ်တဲ့ တက္ကသိုလ်ဆိုတဲ့အရာကြီးကို စူးစမ်းလေ့လာဖို့သွားရဖို့အချိန်ရောက်လာပြီလေ။

"သွန်းရေ နိုးပြီလား ။ ထတော့လေ ကျောင်းတက်ရအုန်းမယ့်ဟာကို "

"ဟုတ်မေကြီးရေ ထပြီ။ "

"အင်းအင်း ပြီးရင်ထမင်းစားဖို့ဆင်းလာခဲ့ဦးနော်"

"သားထိုက် ရောထပြီလား"

"ထပြီ ကြီးမေ"

မေကြီးက  ဘေးခန်းကထိုက်စေကိုပါနိုးသွားကာ အောက်ထပ်ကိုပြန်ဆင်းသွားသည်။သူတော့မသိပင်မယ့် သွန်းကတော့ တက္ကသိုလ်သွားရမှာကို တော်တော်တက်ကြွနေသည်။ ထိုက်စေနဲ့ ကျောင်းတူတူသွားရမှာဆိုတော့ လမ်းရောက်တော့မှ ဘာလို့တောင်ကြီးကနေ ရန်ကုန်ထိကျောင်းလာတက်လည်းဆိုတာမေးရအုန်းမည်။ ဒီကောင်.. နည်းနည်းတော့ထူးဆန်းနေတာအမှန်။

"မေကြီး ကိုကြီးရောလိုက်မှာလား "

"မသိဘူး သမီးရေ"

"ကိုကြီးက လိုက်မယ်ပြောထားတယ် နှိုးလိုက်ပါဦး"

ဖေကြီးပြောစကားကြောင့် ထိုက်စေအပေါ်ကိုပြေးတက်သွားတာမှ လှစ်ကနဲပဲ။ ဘယ်ထဲက ဒါကိုချောင်းနေလဲမသိဘူး ဒီကောင် ။

အကိုကြီးက နည်းပညာမှော်ဘီမှာတက်နေတာ...ဒီနှစ်ဆိုဘွဲ့တောင်ရသွားပြီ။ မနေ့က သွန်းတို့ကိုကျောင်းလိုက်ပေးမယ်ဆိုလို့ မေးနေရသေးတယ်ရယ်။ အခုထိတော့ အိမ်အောက်ကိုမဆင်းလာသေး...ကျောင်းနောက်ကျရင် သွန်းတို့စိတ်ကောက်ဖို့အသင့်ပြင်ထားသည်။

သွန်းရော ထိုက်စေရာ ဆယ်တန်းကို နှစ်ယောက်လုံးလေးဘာသာဂုဏ်ထူးနဲ့အောင်တယ်။ အမှတ်လည်းများပင်မယ့် ရန်ကုန်နည်းပညာတက္ကသိ်ုလ်မှာ သဘောကျတဲ့မေဂျာမရနိုင်လို့ မှော်ဘီနည်းပညာတက္ကသိုလ်မှာဘဲ သဘောကျတဲ့မေဂျာတက်တော့မယ်လို့ဆုံးဖြတ်လိုက်တယ်။ အကိုကြီးနဲ့ ကျောင်းတူသွားတာပေါ့လေ။ထိုက်စေနဲ့မေဂျာတူတူတက်ရတော့ စာလည်းတူတူလုပ်လို့ရတာပေါ့အရင်ကလိုဘဲလေ....

အချစ်ဆိုသည်မှာ💗Where stories live. Discover now