Part-12

1K 56 15
                                    

"ဟျောင့် ဖယ်ကွာ မင်းကိုယ်ကြီးကလေးတယ်"

"မဖယ်ဘူး မင်းငါ့ကို အဖြေပြန်မပေးသေးဘူး"

"ထိုက်စေ ငါဖယ်လို့ပြောနေတယ်နော်"

ပြောရင်း မျက်ရည်တွေကျလာတဲ့သူ့ကိုကြည့်ပြီး ကိုယ်လည်း ဖယ်ပေးလိုက်တယ်

"မင်း ငိုစရာမလိုပါဘူးကွာ ငါဖယ်ပေးပါ့မယ် မင်းလည်း ပင်ပန်းလောက်ရောပေါ့ အိပ်တော့ ငါသွားပြီ"

ကိုယ်တွေးလိုက်မိတာက ကိုယ့်အပေါ်သူလည်းထပ်တူ ခံစားချက်ရှိတယ်လို့ ခုတော့ သူက မကြိုက်လို့ ငိုတောင်ငိုတယ်

"ထိုက်စေ"

သူ့ခေါ်သံသေးသေးလေး

"အင်းပြောလေ"

"ငါငိုတာကလေ ခြေထောက်နာနေတာကို မင်းမဖယ်ပေးလို့ မင်းကိုမကြိုက်လို့မဟုတ်ဘူးနော်"

"ဟင် မကြိုက်လို့မဟုတ်ဘူးဆိုတော့ မင်းငါ့ကို အဖြေပြန်ပေးတာလား"

"မ....ဟုတ်..ဟုတ်ပါဘူး သွားတော့ ငါပင်ပန်းနေပြီ အိပ်တော့မယ်"

သူ့ပါးလေးတွေရဲနေတာဘဲ သူ့ကိုဆက်မစတော့ပါဘူး မနက်ဖြန်လည်း အတန်းတက်ရဦးမှာ

"ဒါဆို ငါသွားပြီနော်"

"နေဦး"

"ဟင်..."

"ငါလိုက်ပို့ပေးမယ်"

"အင်း..."

သူ့အိမ်က ပြန်ရတာက ခါတိုင်းပြန်ရတာနဲ့မတူဘူး တစ်မျိုးလေး ခံစားနေရတယ် ချစ်ရသူက အဖြေပြန်ပေးတော့မှာမလို့ဘဲလား ဘားလားတော့မသိဘူး တစ်မျိုးလေးဘဲ

မင်းသိလားထိုက်စေ ခုငါ့ရင်ထဲ ကမ႓ာစစ်ဖြစ်နေသလို ခုန်ပေါက်နေတယ်ဆိုတာ

~~~

"သွန်း ထိုက်စေဘာဖြစ်နေတာလဲ မျက်နှာက "

"မသိပါဘူး မနက်ထဲက မေးတာလည်းမဖြေဘူး"

"အင်းနော် ဟော ဟိုမှာ ဟိန်း လာပြီ"

"ဟိန်းသစ် ငါ့နောက်ခဏလိုက်ခဲ့"

ဟိန်းသစ်ကို ထိုက်စေရော မြူနှင်းနဲ့ရော ဝေးရာကိုခေါ်လာပြီး မေးစရာရှိတာမေးရမယ် မနေ့ညက ထိုက်စေ ဟိန်းသစ်အိမ်က ပြန်လာပြီးထဲက မျက်နှာက မျောက်အုန်းသီးရသလိုဖြစ်နေတာ

အချစ်ဆိုသည်မှာ💗Where stories live. Discover now