Part-15

865 28 35
                                    

"ဟယ်လို တိမ်ယံ"

"......."

"ဘာ......"

"........"

"ငါလာခဲ့ရမလား"

"........"

"အင်း အဲ့တာဆို ပြီးရင်ဖုန်းပြန်ဆက်နော်"

"......."

"တိမ်လွှာလေး ဘာဖြစ်တာလဲ"

"အင်းလေ ဘာဖြစ်လို့လဲ အလန့်တကြားနဲ့"

"သွန်း ဘာကြောင်နေတာလဲ အမြန်ပြောလေ"

"သွန်းရေ"

သူငယ်ချင်းတွေအကုန် တစ်ယောက်တစ်ပေါက်စီမေးနေကြပေမယ့် အခုချိန်သူ့ကိုပဲ စိတ်ပူနေမိတယ်

သူ့ဆီလိုက်သွားရမလား

သူဖုန်းခေါ်တာကိုပဲ ထိုင်စောင့်ရမလား

အာ ဘာလုပ်သင့်လဲ

"တိမ်လွှာလေးရေ ဘာဖြစ်လို့လဲ ပြောပြဦးလေ"

"ဟင်..... ဪ တိမ်ယံ အဘွား နေမကောင်းလို့တဲ့ ဆေးရုံတင်ထားရတယ်ပြောတယ်"

"ဟာ သူ့အဘွားကို သူအရမ်းချစ်တာလေ ခံစားနေရမှာပေါ့"

"ဟုတ်တယ် မြူနှင်း ငမိုး ခံစားနေရတော့မှာပဲ ခုဘယ်ဆေးရုံမှာတဲ့လဲ သွန်း"

"ဝိတိုရိယဆေးရုံ မှာတဲ့"

"ငါတို့လိုက်သွားကြမလား တိမ်ယံဆီကို"

ဟိန်းသစ်ပြောမှ အကုန်လုံးက သွားမယ်ဆိုပြီး မေကြီးတို့ဆီက ခွင့်တောင်းရတယ်

'တိမ်ယံအဘွား ဘာမှမဖြစ်ပါစေနဲ့'

ဆေးရုံသွားတဲ့ လမ်းမှာ စိတ်ထဲကနေဆုတောင်းနေမိတယ်

~~~

"တိမ်ယံကို ဖုန်းဆက်လိုက်ပါလား တိမ်လွှာလေး"

"ဟုတ်"

"ဟယ်လို တိမ်ယံ"

"....."

"ငါတို့ ခုဆေးရုံမှာရောက်နေတယ် ဘယ်အခန်းမှာလဲ"

"........"

"အင်း လာပြီနော်"

"ဘယ်အခန်းမှာတဲ့လဲ သွန်း"

"၂၀၁ တဲ့"

"အင်း သွားကြမယ်လေ"

အခန်းနားရောက်သွားတော့ အခန်းထဲမှာ အဘွားလက်ကိုကိုင်ပြီး ထိုင်နေတဲ့ တိမ်ယံကိုတွေ့ရတာ ရင်ထဲမကောင်းလိုက်တာ
သူ့အဘွားကို သိပ်ချစ်တဲ့သူဆိုတော့ ခုဆို အရမ်း ခံစားနေရမှာ အဘွား မြန်မြန်သက်သာပါစေ

အချစ်ဆိုသည်မှာ💗Where stories live. Discover now