Part-13

944 33 28
                                    

"ညီမ သွန်း"

တိမ်လွှာကို လှမ်းခေါ်နေတဲ့ တစ်ယောက်က ဘယ်သူလဲ? ဘာလုပ်ဖို့ ခေါ်နေရတာလဲ?

"ဟုတ်ကဲ့"

"အစ်ကို့ကို မှတ်မိလား ဟိုတစ်ခါ ရင်ထိုးပြုတ်ကျလို့ ပေးတဲ့တစ်ယောက်လေ"

"ဪ ဟုတ် မှတ်မိတယ်"

ဘာမှလည်း မဆိုင်ဘဲ သပ်သပ်လာရောနေတာ ထိုက်စေနဲ့ဟိန်းသစ် ကလည်း ကြောင်တောင်တောင် ကြည့်နေကြတယ်

ဟို အစ်ကိုဆိုတဲ့ တစ်ယောက်ကလည်း တိမ်လွှာကို ကြည့်နေတာကြီးက ဟာကွာ တိမ်လွှာ မင်းကို တစ်ခြားသူနဲ့တွဲမှာမလိုလားဘူးကွာ

"အစ်ကို တည့်ဘဲပြောတော့မယ် အစ်ကို ညီမနဲ့ခင်ချင်လို့"

"ဪ ဟုတ်..."

"ဒါဆို fb မှာ အစ်ကို add ထားတာ လက်ခံပေးပါဦး အစ်ကိုသွားပြီနော် အစ်ကို့ acc က Nay Thura Shine"

"ဟုတ်ကဲ့"

ဟာ တိမ်လွှာရာ မင်းကို သူကလာကြောင်နေတာလေကွာ အရင် ငါရဲ့စွာတေးလေးက ခုဘာဖြစ်လို့ ကြောင်ကြည့်နေရတာလဲကွာ

"တိမ်လွှာ ဆရာမခေါ်ထားတယ်ဆို သွားမယ်လေ"

"အင်း.."

ထိုက်စေကပြောမှဘဲ အသိကပ်တော့တယ် ဟိုအစ်ကိုစကားလာပြောနေတာနဲ့ လာရင်းကိစ္စတောင်မေ့တော့မလို့

သူတို့ နှစ်ယောက်ထဲ ဖြစ်အောင် ဘယ်လိုကြံရမလဲ...... သိပြီ

"တိမ်ယံ ငါနဲ့ စာကြည့်တိုက်လိုက်ခဲ့ ဟို.... ဆရာမက ကူဖို့ ငါနဲ့နောက်တစ်ယောက်ဘဲ လိုတယ်လို့ပြောလိုက်တာ ခုမှ သတိရလို့"

ဟီး မသိဘူး ခုလောလောဆယ်တော့ မီးစင်ကြည့်ကရမှာဘဲ ဟူးးး

"အင်း ပြီးရော ငါတို့ အတန်းပြန်တော့မယ် ဒါဆို"

ဟိန်းသစ်က ပြောပြီး ထွက်သွားပြီ တိမ်ယံနဲ့နှစ်ယောက်တည်းကျန်တော့တယ် ဘယ်လိုလုပ်ရမလဲ.......

"တိမ်လွှာ လာလေ စာကြည့်တိုက်သွားမယ်"

"အင်း..... တိမ်ယံတကယ်ကလေ...."

"အင်း ဘာလို့လဲ"

"ဘာမှမဟုတ်တော့ဘူး"

သူ့ကိုဘယ်လိုပြောရမလဲ ထိုက်စေတို့ကိုကူညီဖို့ ထွက်လာတဲ့အကြောင်း တိမ်ယံက LGBT ကိုလက်ရောခံရဲ့လားမသိ ဘယ်လိုပြောရမလဲ စဉ်းစား သွန်းတိမ်လွှာရေ စဉ်းစား

အချစ်ဆိုသည်မှာ💗Where stories live. Discover now