Part-11

745 47 24
                                    

ကိုယ်ရဲ့တစ်ခဏတာစိတ်မထိန်းနိုင်မှုကြောင့် သူ့ဆီကပြန်ရလာတာကတော့ အဆက်သွယ်ဖြတ်တောက်ထားခြင်းပင်။ပြစ်ဒဏ်က ထိုက်သင့်သည်ထင်သော်လည်း တကယ်တမ်းတော့ ထိုက်စေ မခံစားနိုင်ပါ။ သူနဲ့နှစ်ပတ်ကျော် အဆက်သွယ်ပြတ်တောက်နေခြင်းက ထိုက်စေကို အရူးတစ်ပိုင်းဖြစ်သွားစေသည်။

"သူစိတ်ဆိုးသွားပြီထင်တယ်။ ငါ့ကို သူငယ်ချင်းအခွင့်အရေးကို အသုံးချတဲ့ကောင်လို့ ထင်သွားပြီလား ဒီလိုနဲ့ ငါတို့ ဝေးကြရတော့မှာလားကွာ "

"ထိုက်စေ ဘာတွေတစ်ယောက်တည်းပြောနေတာလဲ "

ဒန်းပေါ်မှာထိုင်နေရင်း တစ်ယောက်တည်းဆွေးနေတုန်း သွန်းစကားလာပြောတော့မှပဲ အတွေးစတွေပြတ်တော့သည်။

"ဒီလိုပါဘဲ"

"ဒါနဲ့ ဟိန်းသစ်နဲ့ အဆင်ပြေပြီလား"

ထိုက်စေ သွန်းမေးခွန်းကိုမဖြေဖြစ်လိုက်ပင်မယ့် ထိုက်စေသက်ပြင်းကတော့ သွန်းမေးခွန်းကို ဖြေလိုက်သည့်ပုံပါပင်။

"ဟိန်းသစ်ကဘာပြောလို့လဲဟ.. "

"သူကဘာမှမပြောပါဘူးဟ...တကယ်တော့ ငါကမဆက်သွယ်ရဲတာ "

"ဘာာ..."

အော်ရင်လည်းကောင်းကောင်းမအော်။ နား နားကပ်ကာ အော်လိုက်တာကြောင့် ထိုက်စေညစ်နေတဲ့စိတ်တောင်ကြက်ပျောက်ငှက်ပျောက် ပျောက်သွားသည်။

"ခုထိ မဆက်သွယ်ရသေးမှတော့ ဘယ်အဆင်ပြေမလဲ ဒီလောက်တောင်တုံးတာ ဟိုကပစ်သွားရင်ခံ"

"ဟာ... နင်ကလည်းဟာ"

တကယ်တော့မဆက်သွယ်ရဲတာပါ..ရူးမိုက်စွာ သူဘက်ကပြန်ဆက်သွယ်လာတာကိုမျှော်လင့်နေမိတာပေါ့လေ။

ထိုက်စေကို သူရဲဘောကြောင်တယ်ထင်မှာဘဲနော် ကျောင်းမှာလည်းတွေ့နေရတာကို သူကိုယ်တိုင်ကိုက ရှောင်ရှောင်နေတော့ ကျွန်တော်လည်း သူစိတ်အနှောင့်အယှက်ဖြစ်မှာစိုးလို့ ရှေ့ဆက်ပြီးမပြောဖြစ်တော့။

"ထိုက်စေရာ သူဘက်ကရှက်နေမှာပဲလေဟ။ တစ်ခါတစ်လေတော့ ဦးနှောက်နဲ့စဉ်းစားမနေဘဲ နှလုံးသားကခံစားရတဲ့အတိုင်း လုပ်သင့်တယ် သွန်းကတော့ ဒီလောက်ပဲ အကြံပေးနိုင်မှာ။ခုဆို ဟိန်းသစ်ကို လိုက်နေတာ ထိုက်စေတစ်ယောက်ထဲမဟုတ်တော့ဘူး UFL ကကောင်လေးတစ်ယောက်လည်းလိုက်နေတာ သူကနင်နဲ့ တခြားစီပဲ "

အချစ်ဆိုသည်မှာ💗Where stories live. Discover now