Part-4

1.1K 58 7
                                    

"ဒီလိုတိမ်လွှာရဲ့"

"အင်း မြန်မြန်ပြော သေချာနားထောင်နေတယ်"

"ပြောင်းလာတာက မဖြစ်သင့်တဲ့အရာတစ်ခုကြောင့်လို့ဘဲပြောရမယ်ထင်တယ် တိမ်လွှာလေး"

"ဟာ ဘာကမဖြစ်သင့်ရတာလဲ"

"အင်းမဖြစ်သင့်တာ အမှန်ပြောရရင် ငယ်ငယ်ထဲကခင်ခဲ့တဲ့သူငယ်ချင်းရှိတယ် သူ့မိဘတွေနဲ့လည်းအရမ်းခင်တယ်ကွာ ငယ်ငယ်ထဲကနေ ကိုးတန်းထိ တူသွားတူလာပေါ့"

"ဆယ်တန်း ရန်ကုန်ကိုပြောင်းမလာခင်ထိပေါ့"

"အင်းဟုတ်တယ် မိဘချင်းလည်းရင်းနှီးတော့ အမြဲတပူးပူး တတွဲတွဲဘဲ အဲ့လိုတူတူနေတာကြာလာတော့ သူ့အပေါ်ခံစားချက်ရှိလာတယ် အစကတော့ ဒီအတိုင်းဘဲသဘောကျမိလာတယ်ဘဲထင်တာ နောက်တော့ ခံစားချက်ကအရမ်းလေးနက်နေတယ် မဖြစ်သင့်လို့ ရန်ကုန်ပြောင်းလာတာ"

"ဟာ မဖြစ်သင့်ဘူးဆိုတာရှိလို့လား ခုရော သူနဲ့အဆက်အသွယ်ရှိသေးလား"

"ဟင့်အင်း အဆက်အသွယ်လုံးဝကိုပြတ်သွားတာ"

"အခုထိ လုံးဝမဆက်သွယ်တော့ဘူးလား ခုရောခံစားချက်ရှိနေသေးလား"

"မဆက်သွယ်တော့ဘူး အမှန်ပြောရရင် ခံစားချက်အစထဲကမရှိခဲ့သင့်တာ"

"ဘာလို့လဲ သူငယ်ချင်းမလို့လား အဲ့တာဆိုရင် သူငယ်ချင်းကနေ ချစိသူဖြစ်တာတွေများနေတာဘဲကိုကွာ"

"အဲ့လိုမဟုတ်ဘူး တိမ်လွှာလေး တော်ပြီ ညဉ့်လည်းနက်နေပြီ မနက်ကျောင်းသွားရဦးမှာ သွားအိပ်တော့နော်"

တိမ်လွှာလေးလည်း ဘာမှဆက်မပြောဘဲထွက်သွားပေမယ့် ကိုယ့်ရင်ထဲမှာတော့အဆင်မပြေတော့ဘူး သူ့ကိုလွမ်းလာသလိုလိုဖြစ်နေပြီ အခုသူရော ဘယ်တက္ကသိုလ်တွေတက်နေရပြီလဲ အဆင်မှပြေရဲ့လား သိချင်နေမိတယ် အမှန်ဆိုရင်ထပ်တွေ့ချင်မိတယ်

သူ့အကြောင်းတွေတွေးပြီး မနက်ရောက်ခါနီးမှအိပ်ပျော်သွားတော့ မနက်စောစောမနိုးတော့ဘူး ကြီးမေနှိုးမှနိုးတော့တယ် ကျောင်းသွားဖို့မြန်မြန်ပြင်ဆင်ရတယ် အောက်ရောက်တော့ တိမ်လွှာလေးကလာစနေတယ်

အချစ်ဆိုသည်မှာ💗Where stories live. Discover now