Part-6

976 41 23
                                    

တိမ်ယံကကိုယ်နဲ့မျက်နှာချင်းဆိုင်ခုံမှာလာထိုင်တယ်

"ယံ ဘာစားဦးမှာလဲ"

"မစားတော့ဘူးမြူနှင်း"

မြူနှင်းကသာမေးနေတာ တိမ်ယံရုပ်ကပုပ်သိုးနေတာဘဲ သူ့ မ ပြန်သွားလို့နဲ့တူတယ် RS တွေ သောက်မြင်ကိုကတ်တယ် ထမင်းစားလို့ပြီးတော့ အတန်းသွားတက်ကြတယ် တနေကုန် စာတွေဘဲသင်နေရပြီး အချိန်တွေကုန်သွားခဲ့တယ် နောက်အပတ်ဆိုမေဂျာထွက်တော့မယ်လို့ပြောတယ် ဘယ်မေဂျာရမလဲမသိဘူး သေချာတာကတော့ civil နဲ့ architecture ဘဲ နှစ်ခုထဲကတစ်ခုတော့ရမှာ

"တိမ်လွှာ"

ထိုက်စေခေါ်မှ ကိုယ်လည်းတွေးနေတာရပ်ပြီး

"ပြောလေ ထိုက်စေ"

"အိမ်ပြန်မယ်လေ"

"အင်း ဒါနဲ့ ဟိန်းသစ် အိမ်ကလာကြိုမှာလား"

"ဟုတ်မယ်ထင်တာဘဲ မသိဘူး ဖုန်းဆက်ကြည့်လိုက်ဦးမယ်"

"အင်း မြန်မြန်ဆက်တူတူပြန်ရအောင်"

"အင်းပါ ဆက်နေပြီ"

ဟိန်းသစ်ဖုန်းဆက်နေတုန်း ကိုယ်လည်းဖုန်းကြည့်နေလိုက်တယ် ထိုက်စေကလည်းဘာမှမပြောဘဲကိုယ်နဲ့တူတူစောင့်ပေးတယ် တစ်ခြားသူတွေကတော့ ပြန်ဖို့ပြင်နေကြပြီ ကိုယ်ဖုန်းကြည့်နေတုန်း လာတို့လို့ကြည့်လိုက်တော့ တိမ်ယံ

"အင်း တိမ်ယံဘာဖြစ်လို့လဲ"

"တိမ်လွှာ ညကျအားလား"

"အင်း အားမယ်ထင်တာဘဲ ဘာလို့လဲ"

"အားရင် လိုင်းတက်ခဲ့ပါလား ပြောစရာရှိလို့"

"ဪ အင်း တက်ခဲ့မယ်လေ"

"ok အဲ့တာဆို ကို သွားပြီနော်"

"ဪ အင်း"

တိမ်ယံထွက်သွားပြီးတော့ ဟိန်းသစ်လည်းဖုန်းဆက်ပြီးလို့ကိုယ့်ကိုစကားလာပြောတယ်

"အိမ်က လာမကြိုတော့ဘူးတဲ့ ကိုယ့်ဘာသာပြန်လိုက်တော့မယ်"

"အင်း ပြန်တတ်လို့လား ကိုယ်တို့နဲ့လိုက်ခဲ့လေ"

"ဟာ ရပါတယ်ဟ လိုင်းကားစီးပြီးပြန်လိုက်မယ်လေ"

"ဘယ်နံပါတ်စီးရမှာလဲသိလို့လား"

အချစ်ဆိုသည်မှာ💗Where stories live. Discover now