Part-14

603 33 16
                                    

"ဟိန်းသစ်ယံ နင် ခုထိ ထိုက်စေကို အဖြေမပေးရသေးဘူးမလား "

စလာပြီ မမတိမ်လွှာတို့ကတော့ သူ့အစ်ကို ဘက်ကလိုက်မယ်ဆိုတာချည်းပဲ

"ပေးမှာပါ ငါလည်းစဉ်းစားရဦးမယ်လေကွာ"

"အချိန်သိပ်မဆွဲနဲ့ ထိုက်စေကို ကြိတ်ခိုက်နေတဲ့သူတွေ ဒုနဲ့ဒေးနော် ပြီးမှကျန်ရစ်ဖြစ်နေမယ်"

တိမ်လွှာပြောတာလည်းဟုတ်တာပဲ........

အချိန်ထပ်ဆွဲထားသင့်သေးလား ချက်ချင်းကြီးပေးလိုက်ရမှာလား.........

အာ စိတ်ရှုပ်လိုက်တာ....

"ဟိန်းသစ်ရေ အရမ်းတွေးမနေနဲ့ဟ တစ်ခါတလေ ကိုယ့်စိတ်ထဲရှိတဲ့အတိုင်း လုပ်လိုက်တာ အကောင်းဆုံးပဲ တိမ်လွှာပြောချင်တာကို သိတယ်မလား"

"အင်း... သိတယ် ဒါပေမယ့်......."

"အရမ်း မတွေဝေ နဲ့လို့ပဲ ပြောပေးလို့ရတယ်ဟာ ဟိန်းသစ် လည်းစဉ်းစားချင်သေးရင် စဉ်းစား အတင်းတော့ မတိုက်တွန်းလိုဘူး ငါကိုယ်တိုင်လည်းသိတယ် ဟိန်းသစ်တို့လျှောက်ရမယ့်လမ်းကမဖြောင့်ဖြူးဘူးဆိုတာ တိမ်လွှာဖတ်နေကြ fic တွေထဲကလိုမလွယ်ကူမှန်းလည်းသိပေမယ့် အနည်းဆုံးတော့ ကြိုးစားကြည့်စေချင်တယ်ရယ်"

"အင်းပါ သိတယ် လာ ကျောင်းတောင်ရောက်ပြီ မြန်မြန်သွားမယ်"

တိမ်လွှာပြောတာတွေကိုပြန်စဉ်းစားကြည့်တော့လည်းဟုတ်တာပဲ တွေဝေမနေသင့်တော့တာ သိပေမယ့် ဘာကို တွေးကြောက်နေမှန်းလည်း ကိုယ့်ဘာသာ မသိတော့ဘူး.....

"ဟိန်းသစ်ရေ ဆရာမ ဝင်ပြီ အတွေးများမနေနဲ့တော့ စာမေးခံနေရမယ်"

"အင်းပါ"

"สวัสดีค่ะ"

"สวัสดีค่ะอาจารย์"

"ဒီနေ့သင်မှာကတော့ ........."

~~~
ဘာလိုလိုနဲ့ ၇ နာရီတောင်ထိုးပြီ

တိမ်လွှာနဲ့ ဟိန်းသစ်လည်းထွက်မလာသေးဘူး လာကြိုဆိုလို့လည်းစောရောက်အောင်လာထားမိတော့ စောင့်ပေဦးပေါ့ ထိုက်စေတမာန်ရေ

မုန့်ဝယ်ထားပြီးစောင့်ရမလား အာ မဟုတ်သေးဘူး အိမ်ပြန်ရောက်တာနဲ့ ထမင်းစားကြမှာဆိုတော့ မဖြစ်သေးဘူး

အချစ်ဆိုသည်မှာ💗Where stories live. Discover now