Part-2

2.3K 76 0
                                    

"ထိုက်နဲ့သွန်း"

မုဉ်ဦးကိုတောင်မကျော်သေး အနောက်ကနေခေါ်သံကြားလို့လှည့်ကြည့်လိုက်တော့ သွန်းအချစ်ဆုံးသူငယ်ချင်း မြူ နှင်းသံသာဖြစ်နေ။ မြူ နှင်းက ငယ်ငယ်တည်းက ဆံပင်ရှည်ထားရတာကြိုက်တော့ အခုဆို ဆံပင်က ခါးတောင်ကျော်နေပြီဖြစ်ကာ အရပ်ကလည်း ရှည်တော့ အပျိုကြီးပုံစံတောင်ပေါက်နေပြီဖြစ်သည်။

"မြူနှင်း တစ်ခြားသူတွေရောရောက်နေပြီတဲ့လား"

မြူနှင်းနဲ့တစ်ခြားသူတွေက social network တော်တော်သုံးကြတယ် အဲ့တော့ သူတို့က အမြဲအဆက်အသွယ်မပြတ်ဘူးလေ။ သွန်းကသာ ကမ္ဘာကြီးနဲ့အဆက်သွယ်ပြတ်နေတာမဟုတ်လား ။

"ယံရယ် သူရိန်ရယ်က ရောက်ပြီလို့ပြောတယ် ကန်တင်းမှာတဲ့ဟ။ first day ဆိုတော့ တက်ကြွနေကြတာ အဲ့နှစ်ကောင် "

"ဪ အဲ့တာဆို လူစုံပြီဘဲဟ.. သွားမယ်လေကန်တင်းကို"

ပြောလည်းပြောသွန်းကဦးဆောင်ပြီး မြူ နှင်းလက်ကိုဆွဲကာ ကန်တင်းဆီကိုသွားဖို့ပြင်လိုက်သည်။

"ကိုမိုးရော လိုက်မှာလား"

"လိုက်ခဲ့မယ် ငထိုက်"

"ကိုကြီး အအေးဝယ်တိုက်နော် ညီ့ကို "

"အင်းပါကွာ "

ထုံးစံအတိုင်း ငထိုက်က အကိုကြီးကိုကပ်ချဲွနေပြန်သည်။ သွန်းကိုဆို အကိုတစ်ယောက်လိုအမြဲကာကွယ်တတ်ပင်မယ့် အကိုကြီးကိုဆိုရင် ငထိုက်ကနည်းနည်းဆိုးသည်။ တစ်ဦးတည်းသောသားမို့လို့ အကိုတစ်ယောက်လိုချင်တာလည်းပါမယ်ထင်သည်။

ကန်တင်းရောက်တော့ တိမ်ယံရော သူရိန်ရော မုန့်စားနေကြပြီ

"ရောက်ပြီလားဟ "

"ရောက်လို့ နင်မြင်နေရတာပေါ့ "

တိမ်ယံနဲ့မြူ နှင်းကတော့ တွေ့တာနဲ့ ကိုက်ကြပြီလေ။ တစ်ယောက်နဲ့တစ်ယောက်မခင်ကြတာလည်းမဟုတ်ပဲနဲ့ အမြဲဘုကန့်လန့်ပြောလိုက်ရမှ နှစ်ယောက်လုံးစားဝင်အိပ်ပျော်ကြတဲ့ပုံပင်။

"နင်တို့ကလည်းလေ တွေ့လိုက်တာနဲ့ ကိုက်မယ်ဆိုတာကြီးဘဲ"

"ဟုတ်သားဘဲ ဒီမှာ သွန်း အစ်ကိုလည်းပါတာကို အားနာကြစမ်းပါ"

သွန်းရော ငထိုက်ရောနည်းနည်းဆူလိုက်တော့မှ နှစ်ယောက်လုံးငြိမ်သွားကြသည်။ဒါတောင် တစ်ချက်ချက် လေဆာပစ်နေကြသေးတယ်။

"ဟားဟား ရပါတယ်ကွယ်။ ကလေးတွေပဲဟာ  ပျော်သလိုနေကြပါ "

မိုးတိမ်ဘာရယ် မဟုတ် တိမ်ယံဆိုတဲ့ကောင်လေးကို ကြည့်လိုက်မိတော့ သူ့ညီမသွန်းကိုကြည့်နေတာ မရိုးဘူး....တစ်ရက်တော့ သွန်းကိုမေးကြည့်ရအုန်းမယ်။

"တိမ်လွှာ ကိုသဘောကျနေတဲ့သူကတော့ ရင်ဆိုင်ရမှာ ထိုက်စေတစ်ယောက်ထဲမဟုတ်တော့ဘူး "

ရုတ်တရတ်ထပြောလိုက်တဲ့ တိမ်ယံစကားကြောင့် မိုးတိမ် သံသယပိုကြီးသွားသည်။ ဒီကောင်လေးက ရည်းစားများတယ်လို့ကြားထားတာကို... သွန်းကိုလည်းအပျော်သဘောနဲ့ဆိုရင်တော့..မဖြစ်သေး ထိုက်စေကိုသတိပေးထားမှဖြစ်မည်။

"ထိုက်စေရော ကိုကြီးရော သဘောတူမှမဟုတ်ဘူးနော် မိဘတွေရော သဘောတူမှ တွဲလို့ရမှာ"

တိမ်လွှာကတော့ ဘာကိုမှသတိမထားမိပဲပြောချင်တာတွေကိုပြောနေတော့သည်။ တိမ်ယံအကြည့်တွေကို မိုးတိမ်သိပ်သဘောမကျ ။ သူ့ရဲ့စကားတွေကလည်း တိမ်လွှာအပေါ်မရိုးသားတာ ကျိန်းသေနေသည်။

"ကဲအဲ့တာဆို အကိုကြီး ထမင်းစားချိန်မှ ပြန်ဆုံမယ်နော် သွန်း "

"ဟုတ်အကိုကြီး ..ငါတို့လည်းအတန်းသွားတက်ရအောင်လေဟ "

"နေပါအုန်းဟယ် ငါတို့အခုမှစားနေတုန်းဟာကို "

အစားပုတ်သူရိန်က ထိုင်ရာကနေမထ အစားမသောက်မပြတ်ပြောနေသေးသည်။သူ့အတွက်  ကျောင်းလာတာ ကန်တင်းမှာစားဖို့သောက်ဖို့လာတာဖြစ်မည်။

"အိမ်မှာထဲက စားလာပါလား"

"တော်လိုက်တော့ နင်တို့နှစ်ယောက်"

မြူ နှင်းနဲ့ နောက်တစ်ခေါက်စကားများဖို့ လမ်းရောက်နေသည်မို့ ထိုက်စေ အော်လိုက်ရသေးသည်။
နောက်ပြီး တစ်ယောက်နဲ့တစ်ယောက် facebook မှာ block ကြအုန်းမည်။

"အတန်းတက်မယ်ဆိုမှလိုက်ခဲ့တော့ သွားနှင့်ပြီ"

"တူတူသွားမယ်လေ သွန်း"

အကုန်လုံးနှုတ်ဆက်ကြပြီး ကန်တင်းကပြန်ထွက်မယ်အလုပ်....

"ယံ"

အချစ်ဆိုသည်မှာ💗Where stories live. Discover now