❆ ❆ For You ❆ ❆
မင်းအတွက်ဆိုရင်
Ep 9Chanyeol : Baby မျက်နှာတွေကိုမှတ်မိတယ်မလား ရဲစခန်းသွားမယ်
D.O. : Yeol ငါ ငါ ကြောက်နေတုန်းပဲ
ကြောက်နေတဲ့ချစ်ရသူလေးကို ပါးပြင်လေးကိုအသာယာကိုင်ပီး ရင်ခွင်ထဲထည့်ထားပေးတော့ အလိုက်သင့်ပြန်ဖတ်လာတဲ့ တုန်ရီနေတဲ့လက်တစ်စုံ ဘယ်လောက်ထိကြောက်နေခဲ့တာလဲ ....
Chanyeol : မကြောက်နဲ့တော့ ကိုယ်ရှိတယ် ဘာမှမဖစ်ဘူး ဟုတ်ပီလား
......
မျက်လုံးကိုတင်းနေအောင်မှိတ်ထားပြီး တစ်ယောက်ယောက်ရောက်လာပေးဖို့ဆုတောင်းနေမိတယ်
Shadow : ကောင်လေး မင်းဘာမြင်လိုက်လဲ မေးနေတယ်လေ
Baek : ကျွန်တော် မမြင်ပါဘူး တကယ်ပါ
Shadow : အင်း ဒါဆို မင်းကငါလူကိုသက်လိုက်တာကိုမမြင်လိုက်ဘူးပေါ့ ဒီမှာ ကောင်လေး မင်းအသက်ဘယ်လောက်လဲ
Baek : 16 နှစ်
Shadow : အာ 16 နှစ် တကယ့် အရွယ်လေးပဲ ဒီမှာ ကောင်လေး အေးအေးဆေးဆေးကျောင်းတက်မယ် ဒီကိစ္စရဲစခန်းရောက်သွားရင် မင်းသေပြီပဲ
ကျွန်တော် ဒီနေရာမှာ ဘယ်လောက်ကြာကြာထိုင်နေမိလည်းမသိတော့ဘူး ရဲကားသံလည်းကြားနေရသလိုပဲ
Baby ကိုနေရာမေးပြီး ရဲကိုအကြောင်းကြားရင် Baby ပြောတဲ့နေရာကိုရောက်လာတော့ ဒူးနှစ်ဖက်ထောက်ပီး ထိုင်နေတဲ့ မကောင်းဆိုးဝါးလေး
Chanyeol : Byun Baekhyun
နာမယ်ခေါ်လိုက်တော့ တုန်သွားပီး မျက်လုံးကိုမှိတ်လိုက်သေးတယ် နားကိုလည်းအုပ်လိုက်သေးတယ် လူကိုဘာထင်နေလဲ
အော်မလိုလုပ်လိုက်ပေမယ့် လက်ခုံလေးမှာ ဆေးလိပ်မီးနဲ့ထိုးချေထားတဲ့ ဒဏ်ရာလေးတစ်ခု ကြောင့် ဘာကြောင့်မှန်းမသိ ထွေးပွေ့ထားချင်မိတယ်