Zawgyi
"ဟေ့ကောင် မင်းကဖြစ်ပါ့မလားကွ?"
"ဟုတ်တယ်နော် Jun အဲ့ဘဲကြီးကအကောင်ကြီးတယ်ဆို ... ငါကြောက်တယ်ကွ"
လူကောင်တွေနဲ့မလိုက်စွာ အသည်းငယ်ပြနေတဲ့ Chanyeol နဲ့ Sehun ကို Junmyeon တစ်ယောက်စိတ်ပျက်စွာနဲ့ခေါင်းပဲခါမိတော့သည်။
စားပွဲပေါ်က အအေးခွက်ကိုယူပြီး ပိုက်ကိုပါးစပ်ထဲငုံမိတော့ လေသံပဲထွက်လာသည်။
"ဟာ ငါတစ်ငုံပဲသောက်ရသေးတယ်လေ ... ဘယ်ကောင်သောက်လိုက်တာလဲ?"
"Sehun"
"Chanyeol"ကြည့် ကြည့် ... တစ်ယောက်နဲ့တစ်ယောက်အပြစ်တင်တဲ့အသံတွေပဲထွက်လာတယ်။
"ဟီး Junmyeon ကလည်း ... ဒီ hotel ကဈေးကြီးတယ်ကွ မင်းကလည်း"
ရှိသမျှသွားအကုန်ဖြီးပြပြီး မျက်နှာချိုသွေးပြနေတဲ့ Chanyeol ကိုဘာမှပြန်မပြောတော့ဘဲ ခေါင်းသာခါပြမိတော့တယ်။
အတွေးထဲကိုဝင်လာတာက Jia Lin။
ကျစ် ... အလကားနေရင်း Junmyeon ကသူယောက်ျားရဖို့အရေး ကြိုးပမ်းပေးရဦးမည်။ Jia Lin ဆိုတာ Junmyeon နဲ့မောင်နှမတွေလိုတတွဲတွဲနေလာခဲ့တဲ့သူငယ်ချင်း။ အလယ်တန်းကျောင်းအပြီး ဦးလေးတို့ရှိတဲ့ တရုတ်ကိုသွားလည်တုန်းက ရခဲ့တဲ့သူငယ်ချင်းလေး။ Junmyeon နဲ့ခင်ပြီးကတည်းက သူက ကြုံရင်ကြုံသလို ကိုရီးယားကိုလာလည်တတ်သည်။ အခုတက္ကသိုလ်ရောက်တဲ့အထိပေါ့။
ဒီတစ်ခေါက်ရောက်လာတာကတော့ ကိစ္စကမသေး။ သူ့တရုတ်ကောင်နဲ့ယူဖို့အရေး တကျီကျီလာလုပ်နေတာ။
အခုသူနဲ့အိမ်ကသဘောတူထားတဲ့ တစ်ယောက်နဲ့ကောက်ယူလိုက်ရင်အဆင်ပြေပြီကို အဲ့ကိစ္စနဲ့သူများကိုလာနွယ်နေတာ။
"ငါကတော့သူ့ကိုသဘောကျတယ်သိလား? သူလည်းငါ့ကိုစိတ်ဝင်စားနေတယ်လို့ငါထင်တယ်"
"ဒါဆို ယူလိုက်တော့လေ ပြီးနေပြီကို"
"ဟာ နင်ကလည်း ငါက တစ်ယောက်နဲ့တစ်ယောက် ချစ်မှယူချင်တာ ... သူကလည်းလေ ဒီကိစ္စကို လက်ခံတယ်ဆိုပြီးအေးတိအေးစက်ကြီးနဲ့ဟ ... ငါ့ကိုလည်းကောင်းပေမယ့် အဲလို အေးတိအေးစက်ကြီးနဲ့တော့ တစ်ဘဝလုံးမသွားနိုင်ဘူး"