Zawgyi
Yixing Company ကနေကားမောင်းထွက်လာကတည်းက ပြတင်းပေါက်ကတစ်ဆင့်အပြင်ကိုပဲငေးနေတဲ့ Junmyeon ကြောင့် Yifan မနေတတ်တော့။
တစ်ဖက်က Junmyeon မှာလည်းအတွေးမျိုးစုံ။
Jia Lin ကိုမြင်လိုက်တဲ့ခဏ အားနာတာ ကိုယ့်ကိုယ်ကိုရှက်မိတာပေါင်းစုံခံစားရမိပေမယ့် Yixing မျက်လုံးတွေထဲ စိုက်ကြည့်မိတဲ့အချိန် အကြောက်ဆုံးက တစ်ခုတည်း။
Junmyeon Yixing နဲ့လုံးဝမဝေးချင်ပါ။
Xing ဆီက ချစ်တယ် ဆိုတဲ့စကားတောင်မကြားရသေးတာကို။
"Kris hyung"
"ဟင် Jun ပြော ကိုယ်ရှိတယ် ဘာပြောမလို့လဲ?"
နာမည်ခေါ်ရုံပဲရှိသေးတယ် ပျာပျာသလဲ ပြန်ပြောလာတဲ့ Kris hyung ကြောင့် စိတ်တွေရှုပ်ယှတ်ခတ်နေတဲ့ကြားက Junmyeon ပြုံးမိသေးသည်။
"Xing ကဘယ်လိုလူမျိုးလဲ?"
ရှေ့ကိုကြည့်ပြီးကားမောင်းနေတဲ့ Hyung က Junmyeon ကိုတစ်ချက်ငဲ့ကြည့်သည်။ ပြီးတော့ ရှေ့ကိုပြန်လှည့်သွားသည်။
"ဘာကိုသိချင်တာပါလိမ့်? ငါတို့ Junmyeon လေးက"
"Xing က ကျွန်တော့်ကိုချစ်တယ်လို့ထင်လား?"
"................"
ဘာမှတုံ့ပြန်မလာသော Kris hyung ကြောင့် Junmyeon သက်ပြင်းပဲချမိသည်။ အင်းလေ ကာယကံရှင်ဘက်ကတောင် ဘာမှဖွင့်ဟမပြောခဲ့ဖူးတာ ဘေးလူတွေကဘာသိနိုင်မှာလဲ?
"Jun အဲ့မေးခွန်းကို Yixing ကိုကိုယ်တိုင်မေးပြီးပြီလား? မေးရောမေးဖူးလား?"
"ဟင့်အင်း တစ်ခါမှ "
"ဟက်"
ဟက်ခနဲ ရယ်သံတစ်ချက်ထွက်လာသော Kris hyung ကြောင့် Junmyeon မျက်စောင်းတစ်ချက်လှမ်းထိုးသည်။
"ဘာရယ်တာလဲ ခင်ဗျား?"
"သဘောကျလို့ပါ ကိုယ်ထင်တာတော့ မင်းတို့နှစ်ယောက်ဒီထက်ပိုပွင့်လင်းသင့်တဲ့အချိန်ရောက်ပြီ"
ဒီစကားတစ်ခွန်းကြားရုံနဲ့တင် Junmyeon မျက်ရည်ဝဲတက်သည်။