(6)

3.2K 427 37
                                    

Zawgyi

"Junရေရေ Jun ... Jun"

"​ဟေ့​ကောင်​ Junmyeon "

"ဟာ ... ဘယ်​လိုဖြစ်​လို့ ဒီ​လောက်​​အော်​​နေကြတာလဲ? "

အိမ်​တံခါးဖွင့်​ဖွင့်​ချင်းမြင်​လိုက်​ရတဲ့ မျက်​ခွက်​​တွေ​ကြောင့်​ Junmyeon မျက်​​မှောင်​ပိုကြုတ်​ထားမိသည်​။ ပိတ်​ရက်​မို့​အေးေ​ဆး​နေချင်​ပါတယ်​ဆိုတာကို အတင်းပဲ။

"အန်​တီနဲ့ အန်​ကယ်​​ရော?"

"Busan သွားတယ်​လို့ ငါမင်းတို့ကို​ပြောပြီးပြီ​လေ"

"အာ ဟုတ်​သားပဲ ... ဒါဆိုမင်းဒီ​နေ့ငါတို့နဲ့လိုက်​ခဲ့လိုက်​​တော့"

"ဟွန်​ ဘာ​ဆိုင်​လို့လဲ?"

"အိမ်​ပြန်​​နောက်​ကျရင်​ မင်းအ​ဖေနဲ့အ​မေစိတ်​ပူ​နေမှာစိုးလို့​လေ ... ဘယ်​သူမှမရှိဘူးဆို​တော့​အေး​ဆေး​ပေါ့"

သြော်​ ဥာဏ်​ကြီးရှင်​​တွေ။

"မလိုက်​ဘူးကွာ ငါစာလုပ်​မှာလို့​ပြောပြီးပြီ​နော်​"

"​အေး Jun မင်းမလိုက်​တာ ​သေချာလား?"

"​အေး"

"​သေချာတယ်​​နော်​"

နှစ်​​ယောက်​သားလက်​ညိုးတစ်​ထိုးထိုးနဲ့​မေးလာတာ​ကြောင့်​ Junmyeon မျက်​နှာကိုပင့်​ပြီး ရယ်​ပြပြီးမှ

"​သေချာတယ်​ ငါ့အိမ်​​ရှေ့ကဒိုးလိုက်​​တော့"

"လာ Sehun ... Yixing hyung ဆီသွားမယ်​"

"ဘာ ဘာ"

"အခုမှ ဘာမ​နေနဲ့ ... လာ Chanyeol"

"အာ ငါတို့ JunJun ​လေးကိုဘယ်​သူ့ကိုကြိုက်​​နေတာပါလိမ့်​?"

နှစ်​​ယောက်​သားစဉ်းစားသလိုနဲ့​မေး​စေ့​တွေဘာ​တွေပွတ်​ကာ ဟန်​လုပ်​ပြီးမှ

"Zhang Yixing"

သံပြိုင်​​ပြောကာ တဟားဟား ရယ်​​နေတဲ့ နှစ်​​ကောင်​ကိုကြည့်​ပြီး Junmyeon ​မေးရိုးများပင်​​ထောင်​လာသလိုခံစားရသည်​။

သေနာ​​တွေ။

"​ဟေ့​ကောင်​​တွေ"

"ဘာလဲ?"

~ You're Loved ~Where stories live. Discover now