*ငါတို့ဖြင့်အဲ့ဘဲကြီးကမင်းကိုကြွေနေပြီတောင်ထင်တာ*
Lecture ချိန်မို့စိတ်ဝင်တစားနားထောင်ရင်း စာလိပ်တစ်ခုရှေ့ကို ရောက်လာလို့ ကြည့်မိတော့ တရားခံကဟိုနှစ်ကောင်။
အခု lecture ဆရာမကနည်းနည်းကြမ်းသည်။ စာသင်ချိန်စကားပြောခြင်းကိုလုံးဝမကြိုက်။ ထို့ကြောင့် ဒီလိုစာနဲ့တရေးတယူလာပြောခြင်းဖြစ်မည်။
မနေ့က Xing ကိုသဘောကျတယ်လို့ပြောပြီးတဲ့အချိန် Xing အိမ်ကိုရောက်လာတာကြောင့်ပြောချင်တာတွေအကုန်မြိုသိပ်ပြီးပြန်သွားကြရတဲ့ပုံပင်။
ညတုန်းကလည်း Gp chat ထဲမှာအဲ့အကြောင်းပဲမေးနေကြတာ။ စိတ်ရှုပ်လွန်းလို့ noti တောင် off ထားရတဲ့အထိ။
*ငါကြိုက်တာ ဒီအတိုင်းနော် ... မင်းတို့နှစ်ယောက်မို့လို့ပြောပြတာ Xing အပါအဝင်ဘယ်သူမှမသိစေနဲ့*
Junmyeon ပြန်ပေးတဲ့စာကိုဖတ်ပြီး ကြိတ်ရယ်နေကြတာ တခွီခွီနဲ့။
ဘာများရယ်စရာရှိလို့လဲ?
ရယ်လို့ဝသွားကြမှ Chanyeol ကပါးစပ်လှုပ်ရုံ
"Xing တဲ့လား?" ဟုလှမ်းစသည်။လက်သီးထောင်ပြလိုက်ပြီး ရှေ့ကဆရာမဆီကိုပဲ အာရုံပို့ထားလိုက်သည်။
အလကားကောင်တွေ စဖို့ပဲသိတယ်။
Chanyeol နဲ့ Sehun ကတော့ ပါးတွေနီရဲတက်သွားတဲ့သူငယ်ချင်းကိုကြည့်ပြီး သဘောကျနေကြသည်။
Jun ဟာချစ်ရတဲ့သူမပြောနဲ့ Chanyeol နဲ့ Sehun လိုအီစီကလီဘာညာတောင်ရှိဖူးတာမဟုတ်။ ဘယ်မိန်းကလေးကိုမှလည်းစိတ်ဝင်စားဖူးတာမဟုတ်။ ပျော်ပျော်နေတတ်ပြီး လူချစ်လူခင်ပေါတဲ့ သေးသေးဖြူဖြူကောင်လေးသည် ယေကျာ်းတစ်ယောက်ကိုမှ သဘောကျမိကြောင်းဝန်ခံလာခဲ့သည်။
ဒီရက်ပိုင်းအရင်လို ရွှင်ရွှင်ပျပျမရှိဘဲအတွေးလွန်နေတတ်တဲ့ Junmyeon က အဲ့လူအပေါ် ဘယ်အတိုင်းအတာအထိစိတ်ရှိနေနှင့်ပြီလဲ?