"Junmyeon"
"ဗျာ ဟီးဟီး"
ပိတ်ရက်လေး အိမ်ပြန်လာတာကို မီးဖိုချောင်ထဲက စားပွဲမှာထိုင်ပြီး တကုပ်ကုပ်အလုပ်ရှုပ်နေသော Junmyeon နားသို့ မေမေကရောက်ချလာသည်။
"Junmyeonnie လေးကတော့ခြေလှမ်းတွေသိပ်မမှန်ဘူးနော် ဟင်း ဟင်း"
နောက်ကဟင်းဟင်းဆိုတဲ့အသံကြီးကြောင့် ထမင်းလိပ်ကိုလှီးလက်စ Junmyeon လက်တွေတောင်တန့်သွားသည်။
"အာ ... omma အဲဒါကိုမဖွင့်နဲ့"
Junmyeon တားလို့မှမဆုံးသေးခင် စားပွဲပေါ်မှာတင်ထားသော ထမင်းဘူးအဝါလေးကို မေမေကဖွင့်ပြီးသွားပြီ။
အထဲက ထမင်းဖြူဖြူလေးတွေပေါ်မှာ အသဲပုံ ပုံစံ စီထားသောပဲစေ့လေးတွေကိုကြည့်ပြီး Junmyeon ခေါင်းငုံ့ချမိသည်။
"သားကောင်မလေးကိုအိမ်ခေါ်လာခဲ့လေ သား"
ခေါင်းကိုအသာပုတ်ပြီး အပြင်ထွက်သွားသော မေမေ့ကိုကြည့်ပြီး Junmyeon သက်ပြင်းချမိသည်။
သားချစ်သူပါဆိုပြီး Xing ကိုအိမ်ခေါ်လာလိုက်လျှင် ဖေဖေနဲ့မေမေသွေးတက်သွားလေမလား။
ဟင် ချစ်သူ?
ကိုယ့်အတွေးကိုသဘောကျပြီး Junmyeon ခွီခနဲထရယ်မိသည်။
*အင်း Xing က ကျွန်တော်ချစ်ရတဲ့ ကျွန်တော့်ချစ်သူပါပဲလေ *
တီ တီ
💌 နောက်နာရီဝက်နေရင် ကိုယ်ထွက်ခဲ့မယ် Jun 💌
အကုန်လှီးပြီးသွားသော ထမင်းလိပ်လေးတွေကို ဘူးထဲသေချာထည့် အဖုံးဖုံးပြီး ကျန်တဲ့ဘူးအားလုံးနဲ့ပေါင်းကာ ခြင်းထဲအမြန်ထည့်ရသည်။
Msg ကိုတစ်ဖန်ပြန်ဖတ်ပြီး အခန်းထဲသို့လှစ်ခနဲပြေးဝင်သွားသော Junmyeon ကိုကြည့်နေတဲ့ မေမေကတော့ ပြုံးလို့။
~~~~~~~~~~~~~~❤~~~~~~~~~~~~~
Yixing's POV ;
ကိုယ်ပေါ်က ခရမ်းရောင် hoodie ကကိုယ်နဲ့လိုက်ဖက်ရဲ့လားလို့ ခဏခဏ ငုံ့ကြည့်နေရသည်မှာလည်း အလုပ်တစ်ခု။ ကားမောင်းနေရတာတောင် စိတ်မဖြောင့်နိုင်။