Zawgyi
"ဝါး ဒါဆိုအဆင်ပြေသွားတာပေါ့"
"ဟမ် ... အေးပေါ့ ပြေတယ်ပဲပြောရမှာပေါ့"
တစ်ဖက်ကပြောလာတဲ့ Jia Lin ရဲ့ဝမ်းသာအားရအသံကြောင့် နှုတ်ခမ်းကိုအသာကိုက်ရင်း Junmyeon ငြိမ်နေမိသည်။
ဟုတ်တယ် အဆင်ပြေသွားတာမှန်သည်။ ဒါပေမယ့် Junmyeon အဆင်မပြေ။ စိတ်ထဲမှာဘာကိုကြောက်လို့ကြောက်မှန်းမသိ။ Zhang Yixing ကိုပါးချိုင့်တွေမြင်လိုက်ရင်ကို ခပ်လန့်လန့်။
"ငါလည်းကျောင်းကခွင့်ယူရင် အဆင်ပြေပေမယ့် အလုပ်တွေမပြတ်လို့ဟ ... ကိုကိုလည်းတရုတ်ကိုပြန်မလာတော့ မတွေ့ရတာကြာနေပြီ ငါကလွမ်းနေပြီ ဟီး"
ကိုကိုတဲ့။
"ငါကိုရီးယားလာမှ နင်နဲ့ငါနဲ့သူငယ်ချင်းတွေဆိုတာ ကိုကို့ကို suprise လုပ်ပစ်လိုက်ဦးမယ်"
"အင်းပါ ဟုတ်ပါပြီ Jia Lin ရယ်"
ဖုန်းချပြီးတဲ့အချိန်ထိ ရင်ထဲမှာပေါ့မသွား။ ဘာကအဆင်မပြေမှန်းမသိ။
ဟူး...။
~~~~~~~~~~~~~~~
"ယောက်ျားမိန်းမဆက်ဆံရေးမှာအရေးကြီးဆုံးကဘာလဲခင်ဗျားသိလား?"
လက်ထဲက Bubble Tea ကိုပိုက်နဲ့စုပ်နေရင်း မပီမသပြောလာတဲ့ Junmyeon။
Yixing အလုပ်တွေမအားလို့ Junmyeon က ရုံးခန်းထိလာတွေ့သော်လည်း Yixing ကအချိန်အပြည့်မပေးနိုင်။ အလုပ်စားပွဲမှာထိုင်ပြီး စာရွက်စာတမ်းတွေဖတ်ရင်း Junmyeon ပြောတာကိုနားထောင်နေသည်။
Junmyeon ကအခန်းလယ်ကဆိုဖာမှာ ထိုင်လို့စကားလှမ်းပြောနေရခြင်း။
"အင်း ... ပြောပါဦး"
ပြောပါဦးဟုဆိုလာသော်လည်း တစ်ချက်မှကြည့်မလာသော Yixing ကြောင့် Junmyeon အချဉ်ပေါက်လာပြီဖြစ်သည်။
"Zhang Yixing ခင်ဗျား ကျွန်တော်ပြောတာကိုရော အာရုံရှိရဲ့လား?"