Zawgyi
Junmyeon စိတ်ထဲတွင်တော့အတော်နေရခက်လှသည်။
စိတ်ထဲမှာနေရခက်တာရော ကိုယ်ဝတ်ထားတာတွေကိုယ့်ဘာသာငုံ့ကြည့်ပြီးနေရခက်တာရောအမျိုးစုံပါပင်။
အခု Junmyeon တို့ရောက်နေတာ ကျောင်းရှေ့က ကော်ဖီဆိုင်မှာ။ Junmyeon ရဲ့မျက်နှာချင်းဆိုင်မှာ Xing ။ Xing ရဲ့ဘေးမှာက Jia Lian ။ Junmyeon ဘေးမှာတော့ Kris hyung ပေါ့။
"ဘာမှာကြမလဲမသိဘူး"
waiter ရောက်လာတော့ Junmyeon Xing ကိုလှမ်းကြည့်မိသည်။
သို့သော် Xing က Junmyeon ကိုကြည့်မနေ။
Xing ရဲ့အကြည့်တွေက Kris hyung ဆီမှာစူးစိုက်လို့။
"ကိုကိုဘာသောက်မှာလဲ?"
"ဪ သဲကြိုက်တာမှာလိုက်"
သဲ?
ဘေးက Jia Lian ရဲ့အသံကြားမှ သတိဝင်လာပုံရတဲ့ Xing ရဲ့အသံက Junmyeon ရဲ့နှလုံးသားကိုအတော်ပင်နာကျင်စေပါသည်။
"ဟေ့ကောင်"
"hyung"
စိတ်တိုသွားပုံရတဲ့ kris hyung ကို Junmyeon ဝင်ဟန့်လိုက်ရသည်။
"ဟက် ဒါဆိုကိုကိုကြိုက်တာပဲမှာလိုက်တော့မယ် Junmyeon နင်ရော?"
မျက်ခုံးတွေပင့်ပြီးမေးလာတဲ့ Jia Lian မျက်နှာဟာအပြုံးတွေအပြည့်။ သဘောရိုးတော့မဟုတ် နောက်ဆုံးတော့ငါ့လူကငါ့ဆီပဲ ပြန်ရောက်လာတာပါဆိုတဲ့ခနဲ့ပြုံးမျိုး။
"ငါတော်ပြီ"
ဒီစကားကို Xing မျက်လုံးတည့်တည့်ကိုစိုက်ကြည့်ပြီးပြောလိုက်တြာဖြစ်သော်လည်း Xing ကတော့ Junmyeon ဘက်ကိုလုံးဝလှည့်မလာတာပါပင်။
"Junmyeon ပြန်ချင်လား?"
Kris hyung က Junmyeon ရဲ့ပခုံးတစ်ဖက်ကိုကိုင်ပြီးမေးလာသည်။ မျက်နှာမှာလည်း အဆင်မှပြေရဲ့လားဆိုတဲ့ စိုးရိမ်မှုတွေအပြည့်နှင့်။
သို့သော် Junmyeon ပြန်မဖြေမိ။
"Xing ကျွန်တော်တို့ကို ဒီခေါ်လာတာဘာအကြောင်းရှိလို့လဲ?"
မေးစရာရှိတာကိုတော့မေးမှရမည်။ ဒီအတိုင်းပြန်သွားရရင် တစ်နေကုန်အသက်ရှုဝမှာမဟုတ်။