Zawgyi
ဒီနေ့က Junmyeon အတွက်တော့ ဘဝတစ်ဆစ်ချိုးပြောင်းလဲမှုကြီးကို ရင်ဆိုင်ရသည့်နေ့ပင်ဖြစ်သည်။
ဘာလို့ထင်ကြပါသလဲ?
အထွေအထူးမဟုတ် အိမ်မှ ကျောင်းအဆောင်ပြောင်းနေခြင်း။
အထက်တန်းအပြီး တက္ကသိုလ်တက်ဖို့လုပ်ကြကတည်းက Junmyeon တို့သုံးယောက်က အဆောင်နေဖို့စီစဉ်ခဲ့ကြသော်လည်း အကြောင်းအမျိုးမျိုးကြောင့်မပြောင်းဖြစ်ခဲ့။
ဒီနှစ်တော့မိဘတွေကိုသေချာပြောပြပြီး အတူတူအကောင်အထည်ဖော်ဖြစ်ကြသည်။ Junmyeon မရှိဘဲ Pizza Deliver လုပ်ဖို့ အဆင်ပြေပါ့မလားတွေးပူမိသော်လည်း
"သားမရှိရုံနဲ့တော့ ဒီလုပ်ငန်းပျက်စီးမသွားပါဘူး" ဟု မျက်နှာတစ်ချက်မပျက်ပြောလာသော မေမေနဲ့ဖေဖေပါပင်။
Final exam နီးလာပြီမို့ အရင်လို ဟိုသွားဒီသွားလည်းမလုပ် Game လည်းမဆော့တော့ပဲ စာကိုကြိုးစားကြမည်ဟု Junmyeon တို့သုံးယောက်ဆုံးဖြတ်ကြသည်။
"Oh Sehun မင်းကြီးတော်မို့လို့ငါ့လာပစ်နေတာလား?"
"ဟေ့ကောင် မှားပစ်တာကွ ဟ ... စကားများနေတယ် ဟိုမှာလာပြီ ချလေ"
မှားလို့ .... Junmyeon တစ်ယောက်တည်းပဲ ဆုံးဖြတ်တာဖြစ်မည် :3
ပစ္စည်းတွေကိုနေရာတကျ အရင်ချရသည်။ အဝတ်အစားတွေကို ဗီရိုထဲထည့် .... စာအုပ်တွေကိုသေချာခွဲစီပြီး ရေချိုးခန်းသုံးပစ္စည်းတွေကို ရေချိုးခန်းထဲမှာ နေရာချရသည်။
ရေချိုးခန်းထဲရောက်တော့ ဘေစင်ပေါ်က ခွက်ကလေးထဲက သွားတိုက်တံလေးတစ်ချောင်း။
တစ်ခန်းကိုလေးယောက်နေရသော အဆောင်ခန်းတွင် Junmyeon တို့သုံးယောက်နှင့် ရောက်နှင့်ပြီးသော ကောင်လေးတစ်ယောက် ။
ရေချိုးခန်းထဲမှာ နေရာချပြီး ထွက်လာတော့ ဟိုနှစ်ကောင်က အခုထိ Game ဆော့လို့မပြီးသေး။