Zawgyi
"Aigoo ... Junmyeon လေးကမတွေ့တာကြာတော့ချစ်ဖို့ကောင်းလာလိုက်တာ "
Laptop screen ထက်မှာမြင်နေတဲ့ Jia Lin မျက်နှာက နောက်ဆုံးတစ်ခေါက်တွေ့ခဲ့တုန်းကထက်ပို၍တောက်ပနေသလို။
အဖျားပိုင်းကောက်ထားတဲ့ဆံပင်များကိုဖြန့်ချထားတဲ့ Jia Lin ဟာတကယ်လှသည်။ အရင်ကချစ်ဖို့ကောင်းတဲ့ Jia Lin ထက်ထက်မြက်ပြီးရင့်ကျက်တဲ့ Jia Lin ဖြစ်နေသလိုပင်။
"နင်လည်းပိုလှလာတယ်"
ဒါတော့တကယ်ကိုရင်ထဲကလာတဲ့စကား။
"Junmyeon ငါနင့်ကိုအရမ်းကျေးဇူးတင်တယ် သိလား?"
"ဟင်"
"ကိုကိုကလေ အခုတစ်လော ငါ့ကိုအရမ်းဂရုစိုက်လာတယ် ဟီး ဟီး"
ပါးချိုင့်တွေပေါ်တဲ့အထိရယ်နေတဲ့ Jia Lin ကိုကြည့်မိတော့ Zhng Yixing ကိုဖျတ်ခနဲသတိရမိသည်။
ပြောသာပြောရတာ Zhang Yixing သည်မိန်းကလေးနဲ့ပတ်သက်တဲ့ကိစ္စတွေမှာသိပ်တုံးသည်။ ဒီလိုအခြေအနေလေးရောက်လာဖို့တောင် Junmyeon တစ်လအတွင်းဘယ်လိုတွေလုပ်ပေးခဲ့ရသလဲ?
Ring Ring Ring
"ဟင်"
တိုက်တိုက်ဆိုင်ဆိုင် Zhang Yixing ဆီက။
"ဟဲ့ ဘယ်သူမို့လို့လဲ ကိုင်လေ ငါစောင့်နေမယ်"
"အမ်း .... Zhang Yixing"
"Speaker ဖွင့်လိုက်ဟဲ့"
"ဟမ် အေး"
Answer button ကိုဆွဲပြီး speaker ကိုနှိပ် စားပွဲပေါ်တင်လိုက်တော့
"ဟယ်လို Junmyeon"
"ပြောလေ Zhang Yixing"
"မင်းနေမကောင်းဘူးဆို"
"ဗျာ ... ဘယ်လိုလုပ်?"
"Jongin ပြောတာ ကျောင်းလည်းမသွားဘူးဆို ဒါဆိုအခုအိမ်မှာပေါ့ ကိုယ်လာခဲ့လို့ရလား?"
"ဟို အဲဒါက....."
Jia Lin ကိုမျက်လုံးလှန်ပြီး အသာကြည့်မိတော့ ခေါ်လိုက်လေ ဆိုပြီး ပါးစပ်လှုပ်ရုံပြောနေသည်။