(7)

2.6K 453 65
                                    

Zawgyi

အရှေ့ကအပိုင်းတွေကို recall လုပ်​ဖို့တော့လိုကြမယ်​ထင်​ပါရဲ့ hee heee

"Xing"

ညကြီးမင်းကြီး မ​ပြောမဆို​ရောက်​ချလာတဲ့ Xing ကို​မေ​မေတို့​မေးမှာစိုးလို့ အိမ်​ထဲလည်း ​ခေါ်မသွားရဲ။

ရာသီဥတုကလည်း ​အေးတာ​ကြောင့်​ ကား​ပေါ်မှာပဲ ​ထိုင်​​နေတာ နာရီဝက်​ပြည့်​​တော့မည်​။ Xing ဆီကဘာစကားမှထွက်​မလာ​​သေး။

"Xing ဘာဖြစ်​လာတာလဲ?"

Junmyeon ကိုကြည့်​လာတဲ့ Xing မျက်​ဝန်း​တွေက အ​ရောင်​​ဖျော့​ဖျော့။ ချစ်​ရသူကိုကြည့်​ရင်း Junmyeon ရင်​ထဲမှာ​နေလို့မ​ကောင်း။ ရင်​ထဲမှာစို့နင့်​လာသည်​။

"ကိုယ့်​ကိုသတိရတယ်​ဆိုတာ ဘာလဲ Jun?"

နေ့လည်​က Xing ကိုသတိရလို့ဆိုတဲ့စကား​ကြောင့်​ ဒီကို​ရောက်​လာတာလား? အဲဒါထက်​အခု Xing ​မေးခွန်းအတွက်​ ​ဖြေစရာစကားမရှိတာ Junmyeon။

"အဲဒါက ..... "

"Jia Lin နဲ့သူငယ်​ချင်း​တွေဆို?"

"Xing ဘယ်​လို ....."

"ဟက်​ တကယ်​ကြီးကိုး "

ပါးချိုင့်​​တွေ​ပေါ်လာ​ပေမယ့်​ အသက်​မပါတဲ့ ခပ်​မဲ့မဲ့အပြုံးတစ်​ချက်​ပါပဲ Xing ရယ်​။ ဒါဘယ်​လိုအ​ခြေအ​နေပါလိမ့်​ Jia Lin ဟာ Junmyeon ကိုတစ်​ခွန်းမှ​တောင်​ မတိုင်​ပင်​ဘဲ Xing ကို ဒီအ​ကြောင်း​တွေဘာ​ကြောင့်​ ဖွင့်​​ပြောသလဲ?

"Xing ကျွန်​​တော့်​ကိုစိတ်​ဆိုးလား?"

"ကိုယ့်​မှာစိတ်​ဆိုးခွင့်​ရှိလား?"

"ကျွန်​​တော်​​တောင်းပန်​ပါတယ်​ သက်​သက်​ဖုံးကွယ်​ခဲ့တာမဟုတ်​ပါဘူး Xing "

လက်​ဖဝါးနှစ်​ဖက်​ထဲ မျက်​နှာအပ်​ပြီး သက်​ပြင်း​တွေချလာတဲ့ Xing ​ကြောင့်​ Junmyeon ရင်​​တွေပါ​မောလာရသည်​။ ဒီ​အ​ကြောင်းကိုဖုံးကွယ်​ခဲ့မိလို့ Xing စိတ်​ဆိုး​နေတာလား?

"Jia Lin ကကျွန်​​တော်​ တရုတ်​ကိုအလည်​သွားတုန်းက ခင်​ခဲ့တဲ့သူငယ်​ချင်းပါ တရုတ်​က တစ်​ဦးတည်း​သောသူငယ်​ချင်း .... သူ့အ​ကြောင်း​သေချာမသိ​ပေမယ့်​ လူငယ်​​တွေမို့ ပကာသန​တွေမပါဘဲ ရင်​ဘတ်​ချင်းပဲ​ပေါင်းခဲ့ကြတယ်​ ... မိသားစုအ​ကြောင်းဆိုလို့လည်း ချမ်းသာတယ်​ဆိုတာပဲ သိတာ ... ကျန်​တာလည်း ဘာမှမည်​မည်​ရရမသိပါဘူး ဒါ​ပေမယ့်​ Jia ​Lin ကကျွန်​​တော့်​အတွက်​သူငယ်​ချင်း​ကောင်းတစ်​​ယောက်​ပါပဲ"

~ You're Loved ~Where stories live. Discover now