ကျွန်တော် ချစ်တဲ့ ကလေးလေးSeason (2)အပိုင်း _ 4 _ မျက်စိအောက်က အပျောက်မခံနိုင်

360 29 5
                                    

ကျွန်တော် ချစ်တဲ့ ကလေးလေး
Season (2)
အပိုင်း _ 4 _ မျက်စိအောက်က အပျောက်မခံနိုင်

ခင်ဗျားတို့သိရဲ့လား...

ကိုယ်ချစ်တဲ့သူကို မျက်စိအောက်က အပျောက်မခံနိုင်အောင် ချစ်တဲ့ ခံစားချက်မျိုး.....

အဲ့လိုခံစားရတာ ကျွန်တော်ချစ်တဲ့ ကလေးလေးနဲ့မှပဲ ကြုံဖူးတော့တယ်။ ကျွန်တော်က စာရေးဖို့ FB နဲ့ Wattpad အကောင့်ကို သုံးခဲ့တယ်။ စာရေးတယ်။ ကိုယ်ရေးတာ တင်တယ်။ comment ကို reply ပြန်တယ်။ ဒီလောက်ပဲ။ အွန်လိုင်းပေါ်မှာ လူတယောက်ကို ချစ်ရတဲ့ခံစားချက်၊ ကိုယ်ချစ်တဲ့သူကို စောင့်ရတဲ့ ခံစားချက်။ အရင်က တခါမှ မခံစားဖူးခဲ့ဘူး။ စကားလာပြောရင် ပြန်ပြောလိုက်တယ်။ အလိုက်သင့်လေး နေတာလွဲရင်။

ကျွန်တော် ချစ်တဲ့ ကလေးလေးနဲ့ ချစ်ပြီးနောက်ပိုင်း၊ ကျွန်တော် မျှော်တတ်လာတယ်။ မနက်မိုးလင်းတာနဲ့ ဖုန်းကို ချက်ချင်းကောက်ကိုင်၊ အင်တာနက်ဖွင့်ပြီး သူဘယ်အချိန် အိပ်တာလဲ ကြည့်တယ်။ သူ နိုးနေပြီလား။ မီးစိမ်းနေသလား ကြည့်တယ်။

သူ့အကောင့်က မီးလေးစိမ်းနေတာများတွေ့လိုက်ရင် ကိုယ့်ရဲ့မနက်ခင်းက အပျော်တွေနဲ့ပြည့်သွားသလိုပဲ။ မျက်နှာက အလိုလိုပြုံးလာမိတယ်။ ချက်ချင်းပဲ သူ့ကို 'Good Morning ကလေးလေး' လို့ စာပို့လိုက်တယ်။ သူ့ဘက်ကနေ ပြန်နူတ်ဆက်လာတဲ့ စာလေးများရရင် ကိုယ့်မနက်ခင်းက ပြည့်စုံသွားခဲ့တယ်။ ရင်ထဲက ချစ်ခြင်းတွေက အလိုလိုကိုပြည့်လျှံလာသလိုပဲ။ ချစ်တဲ့စိတ်က အင်အားကြီးလိုက်တာဗျာ။

မနှစ်က ဒီအချိန်မှာ ကျွန်တော့်အလုပ်က မနက် 8 နာရီအရောက်သွားရတယ်။ သူ့ ဆေးရုံက မနက် 9 နာရီမှဆိုတော့ ကျွန်တော် အိမ်က ခုနှစ်နာရီခွဲထွက်ရတယ်။

'ကလေး ကိုယ်ကျောင်းသွားတော့မယ်နော်...'

အဲ့စာလေးရိုက်လိုက်ရတဲ့အချိန် သူလည်း စိတ်မကောင်းတာကို ခံစားလိုက်ရတယ်။ နေ့လည် ထမင်းစားချိန် 12 နာရီထိုးမှ ကျွန်တော် ဖုန်းပြန်သုံးတော့မှာကိုးဗျ။ အလုပ်ကိုသွားတာဆိုတော့ သူ့ခမျာ ဘာမှမပြောရှာပါဘူး။ အိပ်ယာထဲ ဆက်နားနေဖို့ မှာပြီး၊ အပြေးအလွှားနူတ်ဆက်ပြီး အလုပ်ကို ပြေးသွားခဲ့တယ်။

ကျွန်တော်ချစ်တဲ့ ကလေးလေးWhere stories live. Discover now