ကျွန်တော် ချစ်တဲ့ ကလေးလေး
Season (2)
အပိုင်း _ 3 _ကြားလူများကြားသုံးကြား မ၀င်ကောင်းဘူး။
ဒီစကားပုံကိုကြားခဲ့ဖူးတယ်။ မိဘနဲ့သားသမီးကြား၊ လင်မယားကြား(ချစ်သူနှစ်ယောက်ကြား)၊ မောင်နှမကြား....
ချစ်သူနှစ်ယောက်ကြားမှာ တကယ်ပဲ အပြင်လူကို လက်မခံသင့်ဘူး။
ချစ်သူနှစ်ယောက်တောင် ရေစက်ကြောင့် ကံအကြောင်းဆုံပြီး တွေ့ခဲ့တယ်။ မတူညီတဲ့ နောက်ခံ၊ မတူညီတဲ့ မိဘနဲ့ မတူညီတဲ့ပတ်ဝန်းကျင်ကနေ ကြီးပြင်းလာပြီး အတွေးခေါ်တထပ်တည်း တူဖို့ခဲယဉ်းတယ်။ ချစ်တဲ့စိတ်နဲ့ တယောက်ကိုတယောက်ညှိယူကြလို့သာ လူနှစ်ယောက်က အတူတူ လက်တွဲနေနိုင်တယ်။
အကြောင်း မတိုက်ဆိုင်လို့၊ စိတ်အခန့်မသင့်တဲ့အခါ ချစ်သူနှစ်ယောက်ကြား စကားများတဲ့အခါ အချင်းချင်း ပြေလည်အောင် ညှိနှိုင်းသင့်တယ်ဆိုတာ ကျွန်တော် ဘာလို့မသိခဲ့တာလဲ။ ကျွန်တော့် ကလေးလေးရဲ့ ဆင်ခြင်ဥာဏ်နဲ့ နားလည်နိုင်စွမ်းကို ကျွန်တော် ဘာကြောင့် မေ့လျော့နေခဲ့မိတာလဲ။ ဘာကြောင့် အပြင်လူတွေကို အားကိုးယုံကြည်ခဲ့မိတာလဲ...။ ဘာကြောင့် သူစိမ်းတစ်ယောက်ကို ကိုယ်လေးစားမြတ်နိုးရတဲ့ ကလေးလေးကို ထိပါးခွင့်၊ ဝေဖန်ခွင့်၊ ဖိနှိပ်ခွင့်ပေးခဲ့ရတာလဲ..။
အရမ်းကြာအောင် စဉ်းစားပြီးမှ တုံးအတဲ့ ကျွန်တော် ဖြစ်နိုင်ချေကို မြင်လာတယ်။
လူဆိုတာ ခါးသီးတဲ့ အမှန်တရားထက် အလိုလိုက်အကြိုက်ဆောင်ပြောတဲ့ စကားကို ပိုပြီးနားဝင်ချိုကြတယ်မလား။ ငယ်တုန်းက အမေ ကိုယ့်ကို ဆူပူတာ၊ အဖေဆုံးမတာ၊ ကိုယ့်အားနည်းချက်ကိုထောက်ပြတာကို ဘာကြောင့်ခါးသီးခဲ့တာလဲ။ အခုလည်း ဒီလိုပဲ တဲ့တိုးပြောတတ်တဲ့ ချစ်သူလေးက ပြောတဲ့ ခါးသီးတဲ့ အမှန်တရားတွေကို နားမထောင်ချင်ခဲ့ဘူး။ သူတပါး မြှောက်ပင့်တဲ့ စကားချိုချိုတွေအောက် ဓါးသွားရှိတာကို သတိမထားမိပဲ ကျွန်တော် လျက်နေမိတယ်။ နားထောင်နေမိတယ်။ ဒီဓါးသွားက ကျွန်တော်ချစ်တဲ့ ကလေးလေးကို ထိစေတယ်။
သူခိုးကို ကျွန်တော်ကိုယ်တိုင်းဓါးရိုးကမ်းမိတယ်။
သူစိမ်းတွေက ကျွန်တော်ကမ်းတဲ့ဓါးနဲ့ ကျွန်တော်ချစ်တဲ့ကလေးလေးကို ထိုးတယ်
ကျွန်တော်ညံ့ခဲ့မိတယ်။ သူစိမ်းတွေဆိုတာ ကျွန်တော့်အကြောင်း ဘယ်လောက်နားလည်လို့လဲ။ ကျွန်တော် ကောင်းတာ၊ ဆိုးတာ သူတို့ ဘယ်လောက်သိလို့လဲ။ သူတို့ ဘယ်လောက် စေတနာထားနိုင်လို့လဲ။ ပြီးတော့ ကျွန်တော်တောင် သေချာနားမလည်တဲ့ ကျွန်တော့်ချစ်သူကို ကျွန်တော်ပုံဖော်သလောက်ပဲ သူတို့သိတာ မဟုတ်လား။ ဒါကို ကျွန်တော် ဘာကြောင့် သူတို့ဥာဏ်ပညာကို အားကိုးတကြီး ယုံကြည်ခဲ့တာလဲ။
ရှင်းပါတယ်။ ပျား၇ည်စက်ကို ကျွန်တော်မက်ခဲ့မိလို့...
ကျွန်တော်ချစ်တဲ့ကလေးလေးကို သူတို့ စကားလုံးတွေနဲ့ စော်ကားခဲ့တယ်။ ဖိနှိပ်ခဲ့တယ်။ ဝေဖန်ခဲ့တယ်။ ဆရာကြီး အထာနဲ့အထက်စီးက ပြောခဲ့တယ်။
ကိုယ့်ဖာသာ မှန်မှန်ကန်ကန်နေတဲ့ကြားက လူရှုပ်ကျွန်တော့်ကို ချစ်ခဲ့မိလို့ ကျွန်တော်ချစ်တဲ့ ကလေးလေး နေရင်းထိုင်ရင်း လူစော်ကားခံလိုက်ရတာ။
ကြားလူ ကို ကျွန်တော် အ၀င်ခံခဲ့လို့....
လူအမျိုးမျိုး စိတ်အထွေထွေ မဟုတ်လား။ တချို့က သဘောရိုးနဲ့ မ၀င်သင့်တဲ့ကြားကို ၀င်မိတယ်။ တချို့ကတော့ သာယာတဲ့အခြေနေကို မရှုရက်လို့၊ တချို့ကတော့ စဆရက လုပ်ချင်ကြလို့ ၊ ကြားဝင်ကြတယ်။
တကယ်ဆို ကျွန်တော်သာ ဆင်ခြင်တုံတရားရှိခဲ့ရင် ကြားလူ ဆိုတာ ပေါ်လာစရာအကြောင်းမရှိဘူး။
ကျွန်တော့်ကြောင့် ကလေးလေး အရှက်ရ နာကျင်ခဲ့ရတယ်။
ကြားလူကို ၀င်ခွင့်ပြုမိလို့ ကျွန်တော်ချစ်တဲ့ ကလေးလေး နာကျင်ခဲ့တယ်။ သူ့ဘက်ကကြည့်ရင် ချစ်ပါတယ် ရှေ့မှာတဖွဖွပြောပြီး နောက်ကွယ်မှာ သူစိမ်းလက်ထဲ ဓါးရိုးကမ်းတဲ့ ကျွန်တော့်ကို သူ ဘယ်လောက် နာကျင်ပြီး ကြည့်နေခဲ့မလဲ။ မယုံကြည်နိုင်ခြင်း၊ ယူကျုံးမရခြင်း၊ ၀မ်းနည်းခြင်း။
ဒါက ကျွန်တော်ပေးတဲ့ အချစ်တွေလား...

ESTÁS LEYENDO
ကျွန်တော်ချစ်တဲ့ ကလေးလေး
RomanceMayking7 အကောင့်မှာ ရေးခဲ့တဲ့ဇာတ်လမ်းလေးကို အခု အကောင့်သစ်မှာ ဆက်ရေးမှာဖြစ်ပါတယ်။ လူအကြောင်း ပေါင်းမှသိ ဆိုတဲ့ စကား ဘယ်လောက်မှန်တယ်ဆိုတာကို ဒီဇာတ်လမ်းက ဖော်ပြသွားမှာပါ။ အရင်က ကိုယ့်စိတ်ထင်နဲ့ တဖက်သတ် သတ်မှတ်လိုက်တာက ဘယ်လောက်တောင် လွဲမှားခဲ့တယ်။ ကိုယ...