ကျွန်တော်ချစ်တဲ့ ကလေးလေး Season _2 အပိုင်း (8) ချစ်သူ နောက်ကျောရိပ်

475 35 0
                                    

ချစ်သူ နောက်ကျောရိပ်

ကိုယ်ချစ်ရတဲ့ လူနဲ့ ပတ်သတ်ရင် အထိမခံဖြစ်ကြတဲ့အထဲ ကျွန်တော်က ပိုဆိုးလေမလား......

ကျွန်တော်ချစ်တဲ့ ကလေးလေးကို စတွေ့ဖူးတော့ .... သူ့အပြုံးလေးမှာ တွယ်ငြိသွားမိတယ်။

နဖူးပြေပြေလေး၊ နှာတံစင်းစင်းနဲ့ ဘေးတစောင်း ရယ်နေတဲ့ မျက်နှာလေး....

ငယ်နုတဲ့ အရိပ်တွေနဲ့ တက်ကြွတဲ့ အရွယ်လေး....

အရမ်းချောတာ မဟုတ်ပေမယ့် သူ့မျက်နှာတွေ့လိုက်တာနဲ့  ကိုယ့်စိတ်ကို လန်းသွားစေတယ်။

အရယ်မျက်လုံးလေး....
ဒီမျက်လုံး
ဒီမျက်ခုံး
ဒီနူတ်ခမ်းတွေ
အမြတ်တနိုး ထိခဲ့ဖူးလေရဲ့
အမြတ်တနိုး နမ်းခဲ့ဖူးလေရဲ့

ဒီကောင်လေးကို နှလုံးသား ပလ္လင်မှာ ရှင်ဘုရင် အဖြစ်တင်ခဲ့ပြီးချိန်ကစပြီး... ကျွန်တော့်ဘဝမှာ သူက နောက်ဆုံးအချစ်ဖြစ်သွားပြီ။

၁၃ နှစ်တိတိ ငယ်တဲ့ ကလေးလေး
ကျွန်တော်ချစ်တဲ့ ကလေးလေး
ချစ်သူလိုသာမက ကိုယ့်သွေးသားလို ချစ်တဲ့ ...
နှစ်ယောက်မရှိအောင် မြတ်နိုးမိတဲ့ ကလေးလေး...

သူတခါက ပို့ပေးခဲ့တဲ့ ဘွဲ့ယူချိန် နောက်ကျောရိပ်လေး နဲ့ ကို ရှိရာကို မျက်နှာမူပြီး ငေးနေတာ... ဆိုတဲ့ နောက်ကျောရိပ်လေး...

ခပ်တိုတို ညှပ်ထားတဲ့ ဆံပင်၊ နက်ပြာရောင်ရှပ် လက်ရှည်နဲ့ ရှင်းသန့်နေတဲ့ ကလေးလေး

ကျွန်တော့် အလွမ်းမျက်ရည်တွေကို ကျဆင်းစေတဲ့ ကဝေလေး

လွမ်းတယ်....

You've reached the end of published parts.

⏰ Last updated: Mar 18, 2019 ⏰

Add this story to your Library to get notified about new parts!

ကျွန်တော်ချစ်တဲ့ ကလေးလေးWhere stories live. Discover now