ကျွန်တော် ချစ်တဲ့ ကလေးလေးSeason (2)အပိုင်း _ 5 _ ဟော့ပေါ့

307 27 5
                                    

ကျွန်တော် ချစ်တဲ့ ကလေးလေး
Season (2)
အပိုင်း _ 5 _ ဟော့ပေါ့

ဟော့ပေါ့ ဆိုင်ရှေ့က ဖြတ်တိုင်း သူ့ကို အရမ်းသတိရတယ်။

ကျွန်တော်ချစ်တဲ့ ကလေးလေးက ဟော့ပေါ့ အရမ်းကြိုက်တယ်ဗျ။ ခုလို ဆောင်းဝင်တဲ့အချိန် ဟော့ပေါ့ ပူပူလေးကို သူ့ကိုအမြဲကျွေးနေကျ။ ဆောင်းရာသီတင်မကပါဘူးဗျာ။ ဘယ်အချိန်ဖြစ်ဖြစ် သူ့ကို တပတ် တခါ အနည်းဆုံးတော့ ဟော့ပေါ့ သွားစားဖို့ တိုက်တွန်းနေကျ။ လိုက်ကျွေးနေကျဗျ။

ဟော့ပေါ့ကြိုက်တယ်သာ ပြောတာပါ။ ချစ်သူလေးက ပူစီလေးဆိုတော့ ကြောင်စာ သာသာစားတာရယ်။

သူက ၀က်သားမစားဘူး၊ အမဲသားမစားဘူး။ အဲ့တော့ စားတာဆိုလို့ ပင်လယ်စာရယ်၊ ပုစွန်လေး ၃ ၊ ၄ ကောင်ရယ်၊ အသီးအရွက် နည်းနည်းရယ်။ အဓိက ကြာစွယ်ရယ်ပဲ စားတာ။ တကယ့် တပွဲစာလေးပဲပြုတ်စားတာ။ သူစားတာ ပြောရရင် ပုစွန်တပွဲယူမယ်။ ကြက်အူချောင်း၊ ပင်လယ်စာ (ငါးအိုးစည်၊ ငါးတိုဖူး) ၊ ထိုင်ဝမ်မုန်ညှင်း ၂ ၇ွက်လောက်၊ ပန်းပွင့်၊ ခါကြက်ဥနီ၊ ကြက်သား၊ မုန်ညှင်းဖြူရွက်၊ အဲ့လောက်ပဲဗျ။ ကဲကြည့်။ ဘာမှကိုမစားဘူး။ ကျွန်တော့် ချစ်သူလေးက ပိန်တာလည်း မပြောနဲ့။ အစားနည်းတာကိုး။

သူ အလုပ်ပိတ်ရက်တွေဆို ဟော့ပေါ့စားဖို့ တိုက်တွန်းတယ်။

တခါတလေ နေ့လည် အလုပ်ပါးရင် လှစ်ခနဲ ထွက်ပြီးစားခိုင်းလိုက်တာပဲ။

မိုးဖွဲလေးများကျလာရင် သူ အရမ်းသဘောကျတာ

တခါက ဟော့ပေါ့ဆိုင်မယ် မိုးလေးရွာလာတာ။ သူထိုင်နေတာ အစွန်နားက ဆိုတော့ မိုးဖွဲလေးတွေ လေနှော့တိုင်း သူ့ကို မထိတထိ ကျီစယ်ကော။ ခါတိုင်းဆို သူက အမြဲ ပေပေတေတေ မိုးရေထဲ လျှောက်သွားရင်း ဆိုင်ကယ်တွေ စီးပစ်၊ ဖျားရင် စောင် ခေါင်းမြီးခြုံပြီး ခိုက်ခိုက်တုန်ရင်း အိပ်။ ဒါပေမယ့် ကျွန်တော်က သူ ဖျားရင် အရမ်းစိတ်ပူတတ်လို့ ဆိုင်အတွင်းပိုင်း မိုးလွတ်ရာကို ထရွှေ့တယ်တဲ့။ ကဲ ဘယ်လောက် ချစ်ဖို့ကောင်းတဲ့ စိတ်လေးလဲ။ ကျွန်တော် စိတ်ပူမှာကို သူ စိုးရိမ်တတ်တာလေး။

အရမ်း လွမ်းတယ် ကလေးလေးရယ်

ဟော့ပေါ့ဆိုင်ရှေ့က ဖြတ်မသွားရဲအောင်ပဲ။

အခု သူ အလုပ်လုပ်နေတဲ့ မြို့က အတော်လေး ခေါင်တယ်။ ဟော့ပေါ့ဆိုင်ရှိလည်း မိသားစု အိုးပဲရှိတယ်။ တယောက်စာ ဟော့ပေါ့အိုး မရှိဘူး။ သူ့ကို ဟော့ပေါ့ မကျွေးရတာ ဘ၀နဲ့ချီပြီလားလို့ ထင်ရတယ်။

ဆောင်းဝင်လာပြီ။

ရာသီဥတု အေးစပြုပြီ။

သူ့ကို ဟော့ပေါ့ စားစေချင်တယ်။

အိုးထဲက ပူပူနွေးနွေး ဆယ်လိုက်တဲ့ ကြာစွယ်ကို တဖူးဖူး မှုတ်ပြီး စားနေတာကို မြင်ချင်လိုက်တာဗျာ။

ကလေးလေးရေ

Mini ဟော့ပေါ့ ရတဲ့ မြို့ကို ပြန်ပြောင်းခဲ့ပါကွာ။ အတူ ဟော့ပေါ့စားရအောင်....

May King

ကျွန်တော်ချစ်တဲ့ ကလေးလေးOù les histoires vivent. Découvrez maintenant