ကျွန်တော် ချစ်တဲ့ ကလေးလေးSeason (2)အပိုင်း _ 2 _အချစ် နဲ့ အကြောက်

816 36 2
                                    

ကျွန်တော် ချစ်တဲ့ ကလေးလေး
Season (2)
အပိုင်း _ 2 _အချစ် နဲ့ အကြောက်


လူတစ်ယောက်ကို ချစ်ရင် အချစ်နဲ့ အတူ အကြောက်တရားဆိုတာ တွဲပါလာတယ်။

သူစိတ်ဆိုးမှာကြောက်တယ်။ သူမချစ်တော့မှာ ကြောက်တယ်။ သူပစ်သွားမှာ ကြောက်တယ်။

ကျွန်တော် ကလေးလေးကို အရမ်းချစ်တယ်...ရင်ဘတ်ကြီးနဲ့ မဆံ့အောင်ကိုချစ်တယ်။ သူ့ကိုချစ်လွန်းလို့ ကျွန်တော့် အသိစိတ်တွေ ထုံတောင်သွားတယ်။

ဘာကြောင့်လဲဆိုတော့ သူက အရမ်းချစ်စရာကောင်းလို့ပါ။

အရင် season 1 တုန်းက သူနားကို ကျွန်တော် ကပ်ခွင့်ရဖို့ဆိုတာ သိပ်ကို ခဲယဉ်းပါတယ်။ သူက သူစိမ်းကိုဆို အင်မတန်ကို သတိထားပြီး ဆက်ဆံတယ်။ သူက ဘယ်သူ့ကိုမှ စပြီးရန်မရှာဘူး။ အနေလည်း အင်မတန်အေးတယ်။ ကိုယ့်ကြောင့် သူတပါး ထိခိုက်မှာ အင်မတန်ကို စိုးရိမ်တတ်တဲ့သူ။

လူကောင်းတစ်ယောက်ဖြစ်ဖို့ မွေးလာတဲ့သူ။ သူနဲ့ အတူချစ်သူအဖြစ် ဘေးမှာနေခွင့်ရမှ လူငယ်ပေမယ့် သူက ကိုယ်ကျင့်တရားကို အင်မတန် လေးစားတန်ဖိုးထားတယ်ဆိုတာ သိရတော့တယ်။ ဘယ်တော့မှ လူတယောက်ကို ရှေ့တမျိုးကွယ်ရာ တမျိုးမလုပ်တတ်ဘူး။ သူနဲ့ စကားပြောမိလေလေ... သူ့အကြောင်း ပိုသိလာလေလေ..

ကျွန်တော် မထင်ထားလောက်အောင်ကို ကလေးလေးက ဆိတ်ကွယ်ရာ မရှိတဲ့သူပါ။ သူ့စိတ်က ဖြောင့်တယ်။ မဟုတ်တာ မလုပ်ဘူး။ ရိုးရိုးသားသားနေတယ်။ တင်းတိမ်ရောင့်ရဲတယ်။ အလုပ်ကြိုးစားတယ်။ ပြီးတော့ပလွှား ကြွားဝါမှုမရှိဘူး။

ဒါက ကျွန်တော့်စရိုက်နဲ့ကိုက်ပြီး သူ့ကို ချစ်ရုံသာမက အရမ်းကို သဘောကျသွားစေတယ်။ ကျွန်တော် အဝေးမှာနေရတုန်းကထက် သူ့ကိုပိုချစ်လာမိတယ်။

သူက သူချစ်တဲ့သူကို ဘယ်လောက်တောင် တွယ်တာတတ်တယ်ဆိုတာ ကျွန်တော် ပိုပိုသိလာတယ်။ သူ လူတယောက်ကို မယုံရင် ဘယ်တော့မှ သူ့နှလုံးသားကို ဖွင့်မပြဘူး။ ဒါပေမယ့် လူတယောက်ကို လက်ခံဖို့ အသေအချာစဉ်းစားပြီးရင် အဲ့လူနဲ့ပတ်သတ်တာ အားလုံး သိအောင်လုပ်ပြီး လက်ခံနိုင်မှ လက်ခံခဲ့တယ်။

ကျွန်တော်က ချစ်တတ်တာကလွဲပြီး ဒါတွေကို မသိခဲ့ဘူး။ သိအောင် မလုပ်ခဲ့မိဘူး။

ရှင်းရှင်းပြောရရင် ကျွန်တော့်ကလေးလေးကို ကျွန်တော် သေချာသိအောင် မလုပ်ခဲ့မိဘူး။ ကျွန်တော် သိသမျှတွေက ကျွန်တော့် ခံစားချက်ကို အခြေခံပြီး သူ့ကို ပုံဖော်မိတာတွေချည်းပဲ ဆိုတာ မသိခဲ့ဘူး။

ကျွန်တော် သူ့အချစ်ကို ရလိုက်တော့ အရမ်းကြောက်တယ်။ ပိုင်ဆိုင်လိုက်ရပြီးမှ ဆုံးရှုံးသွားမှာ အရမ်းကြောက်တယ်။

ချစ်သူ သဘာဝ စိတ်ကောက်ရင်လည်း ကြောက်တယ်။ သူမကြိုက်တဲ့ အပြုမှုကို ဆက်မလုပ်ဖို့ အေးဆေး ဖြောင့်ဖြတာ မရတော့ စိတ်ဆိုးပြီး စကားမပြောတော့ ကြောက်တယ်။ သူ့အရင် လူအကြောင်း နည်းနည်းကြားလိုက်ရင်ကို ကြောက်တယ်။ ကျွန်တော့်ကို ပေးထားတဲ့ သူ့အချစ်ကို ဆုံးရှုံးသွားမှာကြောက်တယ်။

တကယ်ဆိုရင် ကျွန်တော် သူ့စကားတွေထဲကနေ သူ့အချစ်ကို မြင်အောင်ကြည့်ခဲ့သင့်တယ်။

သူ့ လေသံထဲကနေ ကျွန်တော့်ကို သူ ဘယ်လောက်နားလည်ခွင့်လွှတ်ပေးတယ်ဆိုတာ မြင်အောင်ကြည့်ခဲ့ရင် ကျွန်တော့် အကြောင်းကျိုးမခိုင်လုံတဲ့ အကြောက်တရားက ဖြစ်လာစရာမလိုတော့ဘူး။

ချစ်ခြင်းနဲ့ အကြောက်က တွဲဖြစ်ဖို့မလိုအပ်ပါဘူး။

သူအမြဲပြောသလို 'တကယ်ချစ်ရင် ဆုံးရှုံှးမှာကြောက်စရာ မလိုဘူး။ ကိုယ့်နှလုံးသားထဲ အချစ်တွေ ရှိသေသမျှ သူက ကိုယ့်အနားမှာရှိတယ် 'တဲ့....

ဟုတ်တယ်... ကျွန်တော်သူ့အချစ်တွေကို တဖြည်းဖြည်း နားလည်လာတယ်။ အရမ်းကို အချိန်ယူခဲ့ရတယ်။ ဘာကြောင့်လဲဆိုတော့ တဖက်သတ် ခံစားချက်နဲ့အမြင်တွေနဲ့ ကျွန်တော့် အသိစိတ်ကို ကာရံထားမိလို့ပါ။

ကျွန်တော် သူ့အချစ်ကို နားလည်လာပေမယ့် အကြောက်တရားကိုတော့ ပယ်သင့်သလောက် မပယ်နိုင်သေးဘူးဗျာ။

ကျွှန်တော့်ကလေးလေး စိတ်ညစ်နေမလား...

ကျွန်တော် ခေါင်းမာလို့သူစိတ်ညစ်နေရမှာ သေချာတယ်။

ကလေးလေး... ကိုယ် မကောင်းတဲ့အကျင့်တွေ ပယ်ခွာဖို့ ကြိုးစားနေပါတယ်။ ကိုယ့်ကို နည်းနည်းစောင့်ပေးပါကွာ...



ကျွန်တော်ချစ်တဲ့ ကလေးလေးDonde viven las historias. Descúbrelo ahora