မေ၊မီ၊ရိုဆယ်လာ နဲ့ ကျွန်တော် ချစ်တဲ့ ကလေးလေး

367 33 12
                                    

ဒဂုန်တာရာ ရေးတဲ့ မေ ဇာတ်လမ်းကို ကျွန်တော် ငယ်ငယ်က ဖတ်ဖူးတယ်ဗျာ။ အတော်ပျံတဲ့ ကောင်မလေးလို့ သတ်မှတ်ထားတာ။ပြောရမယ်ဆိုရင်  စာရေးဆရာကြီးက အတော့်ကို ပီပြင်တဲ့ ဆိုးဝါးတဲ့စရိုက်ရှိတဲ့ဇာတ်ကောင်ကို ရေးနိုင်ခဲ့တယ်ဗျာ။ ဆိုးတယ်။ အတော်ဆိုးတယ်။ဒါပေမယ့် စာရေးဆရာတော်လွန်းတော့ မေက လူ့စရိုက်ကို အရမ်းထင်ဟပ်ပြနေနိုင်ခဲ့တယ်။


မေ ဆိုတဲ့ မိန်းကလေးရဲ့ ကြီးပြင်းလာတဲ့ နောက်ခံနဲ့ သူ့စိတ်နေစိတ်ထား။ အဲ့ခေတ်အဲ့ခါ အခြေနေကို ကောင်းကောင်းထင်ဟပ်ပြနိုင်ခဲ့တယ်။ ဆယ်ကျော်သက်အရွယ်က ဖတ်တာဖြစ်လို့ မေ ကိုကျွန်တော် ဘယ်လိုမှ နားမလည်နို်င်ခဲ့ဘူး။ မကြိုက်ဘူးပေါ့ဗျာ။

မီ-ကြည်အေး

အဲ့ဒါကျတော့ ကျွန်တော် ချစ်တဲ့ကလေးလေးက ရိုဆယ်လာဆိုတဲ့ စာအုပ်ကို ၀ယ်ဖို့ မှာလိုက်လို့ သွားဝယ်ရင်း တွေ့လို့ဝယ်လာတာ။ သူ့ကိုပေးဖို့။ သူ့မှာ၇ှိပြီးသားဖြစ်လို့ ကျွန်တော်ဖတ်ဖို့ယူထားတယ် ။ ဇာတ်လမ်းကို မဖတ်ဖြစ်သေးဘူးပေါ့ဗျာ။ ဒါပေမယ့် မနေ့က 9.11.2018 မန်းလေးမှာ မီ ဇာတ်ကား ရုံတင်တဲ့ ပထမရက်။ သူက သွားကြည့်ဖို့တိုက်တွန်းတယ်။

တကယ်ဆို သူ အဲ့လို တိုက်တွန်းလေ့တော့ သိပ်မရှိဘူး။

မနေ့က ကျွန်တော့်အဖေ ဆုံးတာ တနှစ်ပြည့်လို့။ ကျွန်တော်လည်း စိတ်နည်းနည်း ညစ်နေတယ် ပြောလို့သူက သွားကြည့်ခိုင်းလိုက်တာ။

ကျွန်တော် ကြည့်ဖြစ်လိုက်တယ်။

သက်လတ်ပိုင်းမှာ မီ ဆိုတဲ့ မိန်းကလေးကို ကျွန်တော်ကြည့်မိတယ်။

မေနဲ့မတူတဲ့ ခံစားချက်ကို ခံစားလိုက်ရတယ်။

အဲ့ဒါက မီကို ကျွန်တော် နားလည်လိုက်တာပဲ။

မီ အဲ့လိုဖြစ်ခဲ့ရတဲ့ အကြောင်းရင်းကို ကျွန်တော် တွေးနေမိတယ်။ ကျွန်တော့်မျက်လုံးထဲ ဘာကြောင့် ဘာဖြစ်သွားတယ်ဆိုတာကို မြင်နေမိတယ်။ မီကို ကျွန်တော် သနားတယ်။ ကိုသော်စိမ့်ကို နားလည်တယ်ပေါ့ဗျာ။

ရိုဆယ်လာ-မယ်လွင့်

ချစ်သူလေးက အဲ့ဒါမှမရရင် အသိပဲတဲ့...

အဲ့လောက် သဘောကျပြီး လိုချင်တဲ့စာအုပ်လေးမို့ ကျွန်တော့်အတွက်ပါ ၀ယ်ထားပြီး ဖတ် ကြည့်တယ်။

ရိုဆယ်လာကို ဖတ်ရင်း ကျွန်တော် ရှိုက်ကြီးတငင် ငိုခဲ့ရတယ်။ နင့်နင့်သည်းသည်း ခံစားလိုက်ရတယ်။ နာကျင်လွန်းလို့ လက်သီးကို တင်းတင်းဆုပ်ထားမိတယ်

ရိုဆယ်လာကို ချစ်တဲ့ ယောကျာ်းလေးရဲ့ ခံစားချက်ကို နားလည်လို့

သူရေးထားတာက ကိုယ်နဲ့ထပ်တူကျလို့.....

ကျွန်တော့်ချစ်သူနဲ့ပတ်သတ်ပြီး ခံစားရတာနဲ့ တထပ်တည်းကျလို့

ကျွန်တော် နာနာကျင်ကျင် ငိုကြွေးခဲ့ရတယ်။

ကျွန်တော့် ကလေးလေးကို ကျွန်တော် အဲ့လို ရူးသွပ်စွဲလမ်းနေမိတယ်

ကျွန်တော် သူနဲ့ဝေးရမယ်ဆိုရင် ဆိုတဲ့အတွေးနဲ့တင် ၀မ်းနည်းစိတ်က လှိုက်တက်လာခဲ့တယ်။

ဘာကြောင့်လဲဆိုတော့ သူက ကျွန်တော့်အတွက် တဦးတည်းသော တယောက်တည်းသော မိသားစုဝင်လေးမို့ပါ။


ကျွန်တော့် ကလေးလေးကို ကျွန်တော်က ချစ်သူဆိုတာထက်ကို ပိုချစ်လို့ပါ။ သူက ကျွန်တော့်အတွက် တန်ဖိုး၇ှိတဲ့ မိသားစုဝင်လေးမို့ သူက ကျွန်တော် လှိုက်လှိုက်လှဲလှဲ ချစ်ရတဲ့ သူတယောက်မို့ သူနဲ့ပတ်သတ်လာရင် ကျွန်တော် မျက်ရည်လွယ်တယ်....


May King

ကျွန်တော်ချစ်တဲ့ ကလေးလေးWo Geschichten leben. Entdecke jetzt