1:Game စတင်ပြီ

7K 535 8
                                    

"ဟင် ဒီဆော့ဖ်ဝဲလ်ပုံစံက တစ်မျိုးပါလား?"

ရှောင်ယွီကွန်ပြူတာကို စူးစိုက်ကြည့်လိုက်သည်။သူ့အနေနဲ့ ဟက်ကာ လုပ်လာတဲ့ သက်တမ်းတစ်လျှောက် ဒီလိုပုံစံမျိုးတစ်ခါမှ မတွေ့ဘူးချေ။

"ပြီးတော့ ငါကူးထားတာလည်း မဟုတ်ပဲ ငါ့pageမှာ ဘာလို့ လာပေါ်နေတာလဲ"

ရှောင်ယွီစဉ်းစားရင်း ဦးနှောက်ခြောက်လာသည်။ထိုဆော့ဖ်ဝဲလ်ပုံစံမှာ အာကာသတွင်းနက်ကြီးပုံဖြစ်ပြီး နာမည်လည်း မရှိပေ။

"ထားလိုက်ပါ..ဘာမှန်းမသိရင် မထားတာ အကောင်းဆုံးပဲ..တော်ကြာ နိုင်ငံတော်က ငါသူတို့fileတွေ အရင်တစ်ခေါက်က လျှောက်မွှေသွားတာ သိသွားတာလား?"

ရှောင်ယွီထိုဆော့ဖ်ဝဲလ်ကို နှိပ်ပြီး Deleted လုပ်မဲ့အချိန်မှာပဲ ရုတ်တရက် အလင်းတွေထွက်ပေါ်လာတယ်။အလင်းတွေက စူးလွန်းလို့ သူ့မျက်စိ တောင် ကွယ်ထားရတယ်။ထိုအချိန်တွင် တစ်ခုခုက သူ့ကို စုပ်ယူသွား တယ်လို့ ခံစားရပြီး သူလည်း သတိလစ်မေ့မြောသွားသည်။

_____________________________

ရှောင်ယွီမျက်လုံးတွေကို ဖြည့်ညှင်းစွာ ဖွင့်လိုက်ပြီး ဘေးပတ်လည်ကို ကြည့်လိုက်သည်။သူစကြဝဋ္ဌာတစ်ခုထဲရောက်နေသလို ခံစားလိုက်ရ တယ်။သူ့ဘေးနားမှာ ကြယ်အစုအဝေးတွေရယ် ဂြိုဟ်တွေရယ် တွေ့ရတယ်။

သူ့မှတ်ဥာဏ်ကို အနည်းငယ်အလုပ်ပေးလိုက်မှ သတိရလာတယ်။ ထိုအချိန်ထွက်ပေါ်လာသော်အသံတစ်ခု။

[ Host သတိရလာပြီလား]

"မင်းဘယ်သူလဲ?ငါကရော ဘယ်ရောက်နေတာလဲ"

တစ်ဖက်က အမေးကို ပြန်မဖြေပဲ သူသိချင်တာများကို ပြန်မေးလိုက် သည်။

[ Host အခုရောက်နေတာ RP ဂိမ်းတစ်ခုရဲ့ ဖန်တီးထားတဲ့ space တစ်ခုထဲရောက်နေတာပါ]

(RP=Roleplay)

"ဖော့ခ် ဘာတွေလား!?ငါ့ကို ရှင်းပြဦးဟ"

ရှောင်ယွီစိတ်ညစ်စွာ ဆံပင်ဆွဲဖွလိုက်သည်။ထို့နောက် ထိုအသံပိုင်ရှင်က သူ့အား ရှင်းပြလေသည်။

အခုတော့ ရှောင်ယီနည်းနည်းပါးပါးနားလည်သွားလေပြီ။သူအခု ရောက်နေတာက လွန်ခဲ့တဲ့ သုံးနှစ်တုန်းက လူကြိုက်များခဲ့တဲ့ rp ဂိမ်းတစ်ခု။ အဲ့ဂိမ်းကုမ္ပဏီကို မနာလိုတဲ့ သူတွေက အလွန်အဆင့်မြင့် တဲ့ ဗိုင်းရက်စ်တစ်ခုထည့်သွင်းလိုက်တယ်။ဗိုင်းရက်စ်ထည့်သွင်းခြင်း ခံရတဲ့ ဂိမ်းဟာ ကစားရတာ အဆင်မပြေတော့ လူတွေလည်း မကစားကြတော့ဘဲ ကုမ္ပဏီကလည်း ချိတ်ပိတ်သိမ်ဆည်းလိုက်တယ်။ သို့သော် သူတို့မသိလိုက်တာက ဂိမ်းက မပျက်စီးဘဲ အရမ်းအဆင့်မြင့် သွားပြီး ဇာတ်လမ်းသွားတွေလည်း ပြောင်းသွားတယ်ဆိုတာပါ။

Villain Life & DestinyHikayelerin yaşadığı yer. Şimdi keşfedin