💝💝

5K 172 16
                                    

Jongin လမ်း​ဘေးတစ်​​နေရာ​လေးမှာ ဒူး​လေးကိုပိုက်​ကာ ဒူး​ပေါ်​မေး​လေးတင်​လျက်​ စိတ်​ပျက်​လက်​ပျက်​ထိုင်​​နေမိသည်​.......

မိမိဘဝကို​တွေးမိ​တော့ ဘယ်​သူ့ကိုစိတ်​နာလို့ ဘယ်​သူ့ကိုအပြစ်​ပုံချရမည်​လဲမသိ.....

မိမိအား ဖခင်​ဖြစ်​သူနှင့်​ စိတ်​ချလက်​ချထားကာ ဘဝတစ်​ပါးသို့ကူး​ပြောင်းသွား​သောမိခင်​ကိုအပြစ်​တင်​ရမည်​လား.....

မိမိအတွက်​ ​သေချာထိန်း​ကျောင်း​ပေးမဲ့သူလိုအပ်​လို့ဆိုသည့်​ အ​ကြောင်းပြချက်​ဖြင့်​ ​နောက်​မိန်းမယူကာ အိမ်​​ပေါ်ကို​ခေါ်တင်​ခဲ့သည့်​ ဖခင်​ဖြစ်​သူကိုပဲ အပြစ်​တင်​ရမည်​လား.....ဘာမှမသိ​တော့ပါ.....

မိ​ထွေးဖြစ်​သူ Kim Yumi က​တော့ အ​ပြောချို လှသည်​.....

အဲအ​ပြော​တွေနဲ့ပဲ သူမ၏ လင်​ပါသားဖြစ်​သူ ကျ​တော်​ Kim jongin အား ယခုကဲ့သို့ အဆင့်​မြင့်​သည့်​ club လိုလို bar လိုလို​နေရာမှာ သူ​ဌေးသားတစ်​​ယောက်​ဖြစ်​ရက်​နဲ့ အချိန်​ပိုင်းအလုပ်​လုပ်​​ရန်​ ​စေခိုင်းနိုင်​ခဲ့သည်​မဟုတ်​ပါလား....

သူမရဲ့အ​ကြောင်းပြချက်​က ဘာတဲ့..!!!

**သား ​နောက်​ဆို သားက သား appa ရဲ့ company ကိုဆက်​ခံရ​မယ့်​သူ​လေ....အဲ​တော့ သားက လူ​တွေရဲ့အ​ကြောင်း ၊ လူ​တွေနဲ့ဘယ်​လိုဆက်​ဆံရမလဲဆို​တဲ့အ​ကြောင်း သားကနားလည်​ထားဖို့လိုတယ်​ သားရဲ့....အဲ​တော့ omma ရဲ့ အသိတစ်​​ယောက်​ဆိုင်​မှာ ​အောက်​​ခြေက​နေစပြီး အလုပ်​လုပ်​ကြည့်​​နော်​ သား.....အဲဒါဆို သား ​နောက်​ကို လူ​တွေလဲမ​ကြောက်​တတ်​ဘဲဖြစ်​သွားလိမ့်​မယ်​​နော်​....သား......

ထိုသို့ သူမ​ပြောစဉ်​က အင်​တင်​တင်​ဖြစ်​​နေတဲ့ကျ​တော့်​ကို သူမရဲ့ စနက်​အရ appa ဆီမှ လုပ်​ကိုလုပ်​ရမယ်​ မင်း omma က မင်းအတွက်​​ပြောတာ ဟူ​သော စကားတစ်​ခွန်း​ကြောင့်​ ဒီလိုဆိုင်​မှာအလုပ်​လုပ်​​နေရခြင်း.....

အစပိုင်းမှာ အလုပ်​လုပ်​ရတာသိပ်​မဆိုးလှပါ...

သူမ​ပြောသလို လူ​တွေအ​ကြောင်းသိလာရသည်​....တစ်​ခါတစ်​ရံ ကိုယ်​က အ​လျှော့​ပေးပြီး ချိုချိုသာသာဆက်​ဆံရ​ကြောင်းသိလာရသည်​.....အလုပ်​က​တော့ စားပွဲထိုး​ပေါ့​​လေ.....

သို့​သော်​ စားပွဲထိုးဖြစ်​ရသည့်​ မိမိကံမဆိုး​လှ​သေးဟု​ပြောရမည်​.....

ဒီဆိုင်​က တခြား ​ကောင်​​လေး​တွေ​ကောင်​မ​လေး​တွေဆိုတာ မူး​နေတဲ့ဧည့်​သည်​​တို့၏ တစ်​ညတာအသုံး​တော်​ခံအဖြစ်​​နေကြရ​သေးသည်​​လေ.....

သူတို့ကို​ သနားရုံကလွဲ၍ ဘာမှကူညီမ​ပေးနိုင်​​တော့လဲ.......

တချို့က​တော့ အဲလိုလုပ်​ရတာကိုပဲ​ပျော်​​နေကြသည်​.....ကြပ်​တည်းကြ၍ ​ငွေလိုအပ်​သူများအတွက်​က​တော့ ဒီလိုလုပ်​ရတာ ​ချောင်​လည်​သည်​ကိုး....

စဉ်းစားစရာက kim yumi ဒီအ​ကြောင်း​တွေမသိ၍ပဲ ဒီအလုပ်​လုပ်​ရန်​​စေခိုင်း​လေသလား...သိရက်​နဲ့ တမင်​​စေခိုင်း​လေသလား ဆိုတာကိုပင်​....

ဘာပဲဖြစ်​ဖြစ်​ပါ​လေ.....အလုပ်​အားသည့်​တစ်​ခါတစ်​ရံတွင်​​တော့  သ​ဘော​ကောင်းလှ​သော manager အကို suho hyung နဲ့စကား​လေးဘာ​လေး​ပြောဖြစ်​ကြ၍ ​သိပ်​လည်းစိတ်​မဆင်းရဲရပါ.....

အဲအကိုကလည်း business major တက္ကသို​လ်ဒုတိယနှစ်​​ကျောင်းသား​လေး ကျ​တော့်​အား အလွန်​ချစ်​ခင်​ပါသည်​.....

သို့​သော်​.....

သို့​သော်​.....

ဒီ​နေ့က​တော့ ကျ​တော့်​ဘဝ ​ပြောင်းလဲခြင်း​တွေ ​​ဝင်​​ရောက်​လာဖို့ အစပြုသည့်​​နေ့ဆို မှန်​လိမ့်​မည်​......


TBC###

ရူး​အောင်​ချစ်​ရသူ [R-M]Where stories live. Discover now