3.4K 220 93
                                    


ကင်မ်ဂျုံအင်း တစ်ယောက် လူသတ်ချင်နေသည်..

သို့သော် ... အခြားသူကို မဟုတ် ကိုယ့်ကိုကိုယ်သာ သတ်ချင်နေခြင်း ဖြစ်သည်...

မွေးသဖခင် ခိုင်းသည့်ကိစ္စဖြင့် လေဆိပ်ကို လာရင် ရှိမှန်း သိနေခဲ့သော်ငြား ငမ်းငမ်းတက်စားမိခဲ့သည့် အစားအသောက်တွေကြောင့် ယခု ဗိုက်အတွင်း၌ မရိုးမရွ ဖြစ်လာလေပြီ ...

ကံကောင်းသည်က အဖေ ခိုင်းသောကိစ္စ ပြီးမြောက်အောင် လုပ်ခဲ့နိုင်ခြင်း ဖြစ်ပြီး

ကံဆိုးသည်က လေဆိပ်ကနေ နာရီဝက်လောက် လမ်းလျှောက်ပြီးကာမှ ထ၍ ဆန္ဒပြသော ဗိုက်ကြောင့် ဒုက္ခရောက်လေပြီ....

လေဆိပ်မှာဆိုလျှင်တောင် လေဆိပ်က အိမ်သာမှာ ရှင်း၍ ရဦးမည်...

ယခုတော့ ဒီဗိုက် အခြေအနေနှင့် လေဆိပ်ကို လမ်းပြန်လျှောက်ဖို့ရာ မလွယ်ကူလှ..

အများသုံး အိမ်သာ၌ ကိစ္စရှင်း၍ မရဘူးလားဟု မေးစရာရှိသော်ငြား
ကျွန်တော် ကင်မ်ဂျုံအင်းဆိုသူသည် ကြုံရာနေရာ၌ ကိစ္စမရှင်းတတ်သော ဖင်မြင့်တတ်သည့် သောက်ကျင့်လေးက ရှိနေပြန်တော့ ဒုက္ခက အကြီးအကျယ်...

ဒီနေ့မှ ဆိုင်ကယ် ထားခဲ့၍ ဘတ်စ် နဲ့ လာခဲ့မိသော ကိုယ့်ကိုကိုယ် စိတ်ကူးနဲ့ ပါးဆယ်ချက်လောက် ချရင်း Taxi တစ်စီးကို ခပ်သွက်သွက် တားလိုက်ရသည်..

Taxi ပေါ်တက်လိုက်ပြီးတာနဲ့ သွားရမယ့် အိမ်လိမ်စာကို ပြောပြလိုက်တော့ ကားသမားက ခေါင်းငြိမ့်ရင်း မောင်းထွက်ဖို့ပြင်၏..

ထိုအချိန်မှာပဲ ဝုန်းခနဲ ပွင့်သွားတဲ့ ကားတစ်ဖက်ခြမ်း က တံခါးနဲ့ အတူ ကားပေါ်သို့ လူတစ်ယောက် ရောက်ရှိလာလေသည်...

တိတိပပ ဆိုရသော် ကောင်လေး တစ်ယောက်ဖြစ်လေသည်....

'မောင်း....မောင်း... မြန်မြန်မောင်း.. '

နဂိုတည်းက ပျာယိပျာယာ ဖြစ်နေသော ကင်မ်ဂျုံအင်း ငှားသည်ကို လက်ခံလိုက်သည့် taxi driver သည်.. နောက်တစ်ယောက်က ရေးကြီးသုတ်ပျာတက်လာပြီး အတင်းမောင်းထွက်ခိုင်းသည့် ငနဲလေးကြောင့် ကားလေးမှာ ရှူးခနဲ မောင်းထွက်သွားတော့၏....

Miracle Destiny... ☘[Completed]Where stories live. Discover now