1.4K 173 20
                                    

ဒိုဂျောင်ဆူး  POV.....

အခန်းထဲမှာ ဂျောင်ဆူး ကိုယ့်ဘဝကိုယ်တွေးကာ အားရပါးရ စိတ်ပျက်နေမိပြီးမှ ဘာဆက်လုပ်ရမှန်း မသိ ဖြစ်နေလေပြီ...

အမှန်တော့ ဂျောင်ဆူး က Korea က မဟုတ်....

America က ဖြစ်သည်...

စင်စစ်ပြောရလျှင် Korea မှာ မွေးပြီး America မှာ ကြီးသည့် Korea လူမျိုးဖြစ်သည်...

Seoul ကိုလည်း နှံ့နှံ့စပ်စပ် မသွားတတ်....

အသိအကျွမ်းလည်း မရှိ...

အရေးကိစ္စတစ်ခုကြောင့် အိမ်ကထွက်ပြေးလာရင်း Korea ကို ရောက်လာပြီး လေဆိပ်ရောက်တော့ သူ့ကို ဘယ်က ဘယ်လို လာစောင့်နေကြမှန်း မသိသူများကို တွေ့တာမို့ ကြံရာမရဖြစ်ကာ ထွက်ခါနီး Taxi ပေါ်ကို အပြေးအလွှား တက်မိရခြင်း ဖြစ်သည်..

Taxi အလွတ်လို့ထင်ပြီး တက်ခဲ့ပေမယ့်  ကားပေါ်ရောက်မှ လူတစ်ယောက်ပါနေမှန်း သိရသည့် အဖြစ်...

ထိုသူမှာ ဂျောင်ဆူး နှင့် အသက် မတိမ်းမယိမ်း လောက်သာ ရှိမည်ဟု ထင်ရသော သန့်သန့်ပြန့်ပြန့် နဲ့ လူကောင်း ဖြစ်မည့်ပုံပင်...

သိုသော် ထိုသူသည်လည်း ဂျောင်ဆူး ကဲ့သို့ အရေးပေါ်ကိစ္စဖြစ်လာဟန်တူသည်.
.

တောင့်တောင့်ကြီးထိုင်ကာ မျက်နှာကြီးနီရဲလျှက် ချွေးသီးချွေးပေါက်များ ထွက်လောက်အောင် ဖြစ်နေသည်ကိုး...

တက်မိပြီးမှ တော့ မတတ်နိုင်...
နောက်ကလူတွေကို မျက်ခြေဖြတ်ရန်က ပိုအရေးကြီးတာမို့ ကားသမားကိုသာ အတင်းမောင်းခိုင်းမိသည်...

ကားသမားလည်း အူကြောင်ကြောင် မောင်းထွက်လိုက်တော့မှ နောက်ကလူများ ကျန်ခဲ့ရသည်...

ကားပေါ်တွင် ပါလာသည့် လူထံမှ စပ်စပ်စုစုတွေ မေးလာမည်စိုးသဖြင့် ခေါင်းငုံ့ရင်း ငိုချင်ယောင်ဆောင်ရပြန်သည်က တစ်လုပ်...

ဒါတောင် ကားသမားက အရစ်ရှည်ပြီး သူထင်ရာတွေ လျှောက်ပြောနေသေးသည်...

ဘေးကလူကလည်း မျက်နှာရဲရဲ နှင့် အံတကြိတ်ကြိတ်လုပ်ကာ သွားကြားထဲက ထွက်တဲ့ လေသံနဲ့ ပြန်ဖြေတာ ကြားရသည်...

Miracle Destiny... ☘[Completed]Where stories live. Discover now