954 126 7
                                    


' ဒေါက်...ဒေါက်... '

....
....

' အော်.... ဦးလေးပါလား ကြွပါ ခင်ဗျ'

ဂျုံအင်းကို မနက်စောစော ဈေးလွှတ်လိုက်ပြီးနောက် အိမ်မှာ ရှုပ်ပွနေတာတွေကို သန့်ရှင်းရေးလုပ်နေတုန်း အောက်ထပ်က ဦးလေး ရောက်ချလာတာမို့ ခရီး ဦးကြိုပြုလိုက်ရသည်....

' အေးကွယ်... ဒါနဲ့ ကောင်လေးရော...'

' ဂျုံအင်းလား... ဈေးဘက်ခဏ သွားတယ်ဗျ... '

' အော်..  ဒါနဲ့ သားက....ကောင်လေးနဲ့.... '

' ဟို.... ဘယ်လိုမှ မပက်သက်ပါဘူး ဦးလေး အမှန်တော့ ကျွန်တော့်နာမည် က ဒိုဂျောင်ဆူး ပါ....  America က လာခဲ့တာပါ... ဦးလေး..  အိမ်က ကျွန်တော့်ကို ကျွန်တော့် အမလိုခင်ရတဲ့ အမ နဲ့ လက်ထပ်ဖို့ ပြောလာလို့ ....ငြင်းလို့လည်း ရမှာ မဟုတ်လို့ ထွက်ပြေးလာခဲ့တာပါ....  ဒီရောက်တဲ့ ထိ နောက်က လိုက်လာကြလို့ ဒီက ဂျုံအင်းနဲ့ ပါလာရတာပါပဲ.....  ဟို... ပြီးတော့လေ..  ဒီကိစ္စတွေကို ဂျုံအင်း မသိပါဘူး ဦးလေး .. ကျွန်တော့်ကို သူက စိတ်ဝေဒနာ သည် လို့ပဲ ထင်နေတာမို့လို့ပါ... ကျေးဇူးပြုပြီး သူ့ကို ပြန်မပြောပါနဲ့နော်... တောင်းဆိုတာပါ...  '

' ဟင်း... အေးပါကွယ် ... အရေးကြုံတော့လည်း ကြံမိကြံရာပေါ့လေ.... စိတ်တော့ မပူပါနဲ့ ကောင်လေးက လူကောင်းလေးပါ..... သူငယ်ငယ်တုန်းကဆို ဦးလေးပဲ ထိန်းလာတာ.. သူ့အဖေနဲ့ ဦးလေးက မိတ်ဆွေတွေလေ..... နောက်တော့ ဦးလေး Seoul ကို ပြောင်းလာလို့ ကောင်လေးက မမှတ်မိတော့တာကွယ့်.... သူ့စိတ်ထဲလည်း တွေးနေမပေါ့... သူ့ကို အမြဲ ဝင်ရှုပ်နေတယ်လို့...  '

' ကျွန်တော်လည်း သူ့ကို ကျေးဇူးလည်း တင်ရပါတယ်... အားလည်း နာနေရတယ်.... ဦးလေးရယ်...'

' ဒီလိုပါပဲကွယ်.. စိတ်အေးအေးထားပြီး ဖြေရှင်းပေါ့... ကဲ.. ဦးလေး သွားလိုက်ဦးမယ်.... '

' ဟုတ်ကဲ့ပါ ဦးလေး...  '

အောက်ထပ်က ဦးလေး နှုတ်ဆက်ရင်း ပြန်သွားတော့မှ ဂျောင်ဆူး အသက်ကို ဝဝ ရှူရဲတော့သည်...

ဘာပဲ ဖြစ်ဖြစ် တစ်ယောက်တည်း ဖြေရှင်းရတာထက်စာရင် လူကြီး တစ်ယောက်ယောက်ကို ပြောထားတာက ပိုကောင်းနိုင်သေးသည်ဟု ဖြည့်တွေးလိုက်ရသည်........

Miracle Destiny... ☘[Completed]Where stories live. Discover now